အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၈ နိုဝင်ဘာ ၂၀၂၁

၁၉:၃၃:၂၁
1203186

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ

(( ယူစွဖ်ဖေ ကုရ်အာန် )) အူရ်ဒူဘာသာပြန် စာအုပ် ထွက် ရှိ

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ((ယူစွဖ်ဖေ ကုရ်အာန် )) အူရ်ဒူဘာသာပြန် စာအုပ် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်၏ မြန်မာ ဘာသာပြန် အဓိပ္ပာယ် မှာ ((ကျမ်းတော်မြတ်ကုရ်အာန်၏ စူရာယူစွဖ်)) ဖြစ်ပါတယ်။ ရေးသားသီး ကုံး သည့် ဆရာမှာ H.I မိုဟ်စင် ကေရာအသ်သီ ဖြစ်ပြီး ဘာသာပြန်ဆို သူမှာ H.I မူရာဒ် ရေဇာ ရဇဝီ မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ရေးသားခဲ့ပြီး အုပ်ရေ ၁၀၀၀ ဖြစ်ပြီး အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထွက်ရှိခဲ့ပါတယ်။



မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ((ယူစွဖ်ဖေ ကုရ်အာန် )) အူရ်ဒူဘာသာပြန် စာအုပ် အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

ဤ ((ယူစွဖ် ဖေ ကုရ်အာန် )) စာအုပ်တွင် ကျမ်းတော်မြတ်ကုရ်အာန် ၏ စူရာဟ် များ မှ တစ်ပါး ဖြစ်သည့် စူရာဟ် ယူစွဖ် ကို အဓိက အခြေခံ ထားပြီး အာယသ်တော်တိုင်း၏ သင်ခန်းစာများ ကို တင်ပြထားပါတယ်။ သင်ခန်းစာများမှာ အချက် ပေါင်း ၁၂၇၀ ဖြစ်ပါတယ်။ ၎င်းအချက်များ ကို ဤစာအုပ်အား ရေးသားသီး ကုံး ထား သည့် ဆရာမှာ H.I မိုဟ်စင် ကေရာအသ်သီ မှ မိမိ ၏ စာအုပ် (( သဲဟ်ကီးကာသ် သေ ကုရ်အာန် နီ ဝါ သဖ်စီရီ )) မှကောက် နုတ် တင် ပြ ထားပါတယ်။မှ ခေါင်းစဉ် အချို့ ၏ ဆွေးနွေးတင်ပြ မှု များဘက်သို့ ညွှန်ပြပြီး စူရာဟ် ယူစွဖ် တစ်ခု လုံး အား ခြုံငုံ၍ တင်ပြထားပါတယ်။ ထိုပြင် ဤစူရာဟ်၏ ကျမ်းတော်မြတ် ကုရ်အာန် လာ ဖြစ်ရပ်မှန် ၊ အိမ်မက် နှင့် အိမ်မက် အတိတ် နိမိတ် ၊ အချစ်မေတ္တာ နှင့် မနာလို မှု ၊ အပျော်ခရီး ထွက်ရန် လိုအပ်မှု နှင့် အားကစား ၊ ငိုခြင်း အမျိုးအစားများ ၊နဖ်စေအမာရာဟ်၏ အန္တရာယ် ၊ အကျိုးဆောင်ရန် တာဝန်ယူမှု ၊ ဝန်ချတောင်းပန်ခြင်း ၊ မိုအ် မင် မွတ်ခ်လစ် နှင့် မိုအ်မင် မွတ်ရှ်ရေက် ၏ လက္ခဏာ များကို တင်ပြထားပါတယ်။

အထက်ပါ စာအုပ် အား H.I မူရာဒ် ရေဇာ ရဇဝီ မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ခဲ့ပါတယ်။ စာမျက်နှာ ၂၅၆ မျက်နှာပါရှိပြီး မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် အိန္ဒိယ နိုင်ငံ ဝေလာယသ် ပုံနှိပ် တိုက် မှ အုပ်ရေ ၁၀၀၀ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

စိတ်ဝင်စားသူများ အနေဖြင့် လူကိုယ်တိုင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) တည်ရှိသည့်နေရာ ဖြစ်သည့် ဂျွန်မ်ဟူရီ ရေ အစ္စလာမ်မီ လမ်း ၊လမ်းသွယ် ၆ ကွမ်းမြို့ ၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သို့သွားရောက် ဝယ်ယူနိုင်ပြီး လူကိုယ်တိုင် မသွား လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၂၅၃၂၁၃၁၀၃၀၇ သို့ ဆက်သွယ်၍ ဝယ်ယူနိုင် ကြောင်း တင်ပြအပ်ပါတယ်။

****************************************************************

END / 251