အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ ဒီဇင်ဘာ ၂၀၂၁

၀၈:၀၄:၃၀
1207025

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဘက်မှ

(( အူစူလေ အာကာ အေဒ် )) အူရ်ဒူ ဘာသာပြန် စာအုပ် ထွက် ရှိ

မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ((အူစူလေ အာကာ အေဒ်)) အူရ်ဒူဘာသာပြန် စာအုပ် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ စာအုပ်၏ မြန်မာ ဘာသာပြန် အဓိပ္ပာယ် မှာ ((ယုံကြည်မှု အခြေခံများ )) ဖြစ်ပါတယ်။ ရေးသားသီး ကုံး သည့် ဆရာမှာ H.I အလီအဇ်ဂဲရ် ကာအေမီ ဖြစ်ပြီး ဘာသာပြန်ဆို သူမှာ H.I ဆရက်ဒ် မိုဘီးန် ဟိုင်ဒဲရ် ရဇဝီ မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ရေးသားခဲ့ပြီး အုပ်ရေ ၁၀၀၀ ဖြစ်ပြီး အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထွက်ရှိခဲ့ပါတယ်။


မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှု ဖြင့် ((အူစူလေ အာကာ အေဒ်)) အူရ်ဒူဘာသာပြန် စာအုပ် အိန္ဒိယ နိုင်ငံ တွင် ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ မူရင်း စာအုပ် မှာ ဖွာရစီ ဘာသာဖြင့် ရေးသားသီးကုံး ထားခြင်း ဖြစ်ပါတယ်။

ဤ ((အူစူလေ အာကာ အေဒ်)) စာအုပ် တွင် ရှီအာ အေမာမ် မီယာ များ ၏ အကီဒါဟ် (ယုံကြည်မှု ) နှင့် ပတ်သည့် သင်ခန်းစာ ပေါင်း ၄၀ ပါရှိ ပါတယ်။ စာရေးဆရာမှ ဘာသာရေး ကျောင်းသားများ နှင့်ခေတ်ပညာ သင် ကျောင်းသားတို့၏ အတွေးအခေါ် နှင့် ဘာသာရေးဆိုင်ရာ အရေးကြီး လိုအပ် ချက် များ ကို ရှေု့ ပြီး ယုံကြည်မှုများ ဆိုင်ရာ အခြေခံများ နှင့်ပတ်သက်ပြီး ဆွေးနွေး တင်ပြထား ပါတယ်။

အထက်ပါ စာအုပ် အား H.I ဆရက်ဒ် မိုဘီးန် ဟိုင်ဒဲရ် ရဇဝီ မှ အူရ်ဒူဘာသာဖြင့် ဘာသာပြန် ခဲ့ပါတယ်။ စာမျက်နှာ ၃၂၄ မျက်နှာပါရှိပြီး မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် အိန္ဒိယ နိုင်ငံ ဝေလာယသ် ပုံနှိပ် တိုက် မှ အုပ်ရေ ၁၀၀၀ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။

စိတ်ဝင်စားသူများ အနေဖြင့် လူကိုယ်တိုင် မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) တည်ရှိသည့်နေရာ ဖြစ်သည့် ဂျွန်မ်ဟူရီ ရေ အစ္စလာမ်မီ လမ်း ၊လမ်းသွယ် ၆ ကွမ်းမြို့ ၊ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သို့သွားရောက် ဝယ်ယူနိုင်ပြီး လူကိုယ်တိုင် မသွား လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၂၅၃၂၁၃၁၀၃၀၇ သို့ ဆက်သွယ်၍ ဝယ်ယူနိုင် ပြီး အိန္ဒိယတွင် နေထိုင်သူများ မှ mobile နံပါတ် ၀၀၉၁ ၉၅၄၀၄၉၂၈၆၇ သို့ဆက်သွယ် ပြီး ဝယ်ယူနိုင် ကြောင်း တင်ပြအပ်ပါတယ်။

****************************************************************

END / 251