အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : MIZZIMA
စနေနေ့

၁၈ ဒီဇင်ဘာ ၂၀၂၁

၂၀:၂၂:၄၆
1209938

အကျဉ်းချခံထားရသော တရုတ်ဂျာ နယ်လစ်နှင့် ပျောက်ဆုံး သွားသော အခွင့် အရေးရှေ့နေတို့

အကျဉ်းချခံထားရသော တရုတ်ဂျာနယ်လစ် ကျန်းကျန်နှင့် ပျောက်ဆုံးသွားသော အခွင့်အရေးရှေ့နေတို့ ကောင်းကျီဆန်းတို့အား အရပ်ဘက်လူ့အဖွဲ့အစည်းများ မြှင့်တင်ရေးနှင့် တရားဥပဒေစိုးမိုးရေး အဆင့်မြင့်တင် ရေးတွင် ၎င်းတို့၏ ပံ့ပိုးကူညီမှုများအတွက် လင်ကျောက်လွတ်မြောက်ရေးဆုကို ချီးမြှင့်ခဲ့သည်။




အကျဉ်းချခံထားရသော တရုတ်ဂျာနယ်လစ် ကျန်းကျန်နှင့် ပျောက်ဆုံးသွားသော အခွင့်အရေးရှေ့နေတို့ ကောင်းကျီဆန်းတို့အား အရပ်ဘက်လူ့အဖွဲ့အစည်းများ မြှင့်တင်ရေးနှင့် တရားဥပဒေစိုးမိုးရေး အဆင့်မြင့်တင် ရေးတွင် ၎င်းတို့၏ ပံ့ပိုးကူညီမှုများအတွက် လင်ကျောက်လွတ်မြောက်ရေးဆုကို ချီးမြှင့်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် အခြေစိုက် ခရစ်ယာန်အခွင့်အရေးအဖွဲ့ ChinaAid က ကောင်းကျီဆန် ရရှိသည့် ဆုကို အမေရိကန်တွင် နေထိုင်သည့် ဇနီးဖြစ်သူ ကန်ဟော်အား ပေးအပ်ခဲ့ပြီး တရုတ်အစိုးရက ကွပ်မျက်ခဲ့သည့် မော်ခေတ် အတိုက်အခံကို ဂုဏ်ပြုသည့် ကျန်ဆုကို China Change ၏ တည်ထောင်သူ ချန်ယာရွှဲ က လက်ခံရယူခဲ့ကြောင်း Radio Free Asia သတင်းဌာနက ဖော်ပြသည်။

ဝူဟန်တွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ အကြောင်း သတင်းဖော်ပြမှုကြောင့် ကျန်းကျန်ကို တရုတ် အာဏာပိုင်များက ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခဲ့သည်။

ယခုအခါ သူမ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အစာငတ်ခံဆန္ဒပြမှုပြုလုပ်နေရကြောင်း ChinaAid မှ ထုတ်ပြန်သော ကြေညာချက်ကို ဖော်ပြထားသည်။


****************************************************************
END / 251