အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၃ ဒီဇင်ဘာ ၂၀၂၁

၁၇:၂၉:၅၇
1211688

ထုံးစံ အတိုင်း အစ္စရေး ကိုလိုနီ အစိုးရ မှ အီရန်ကို ချက်ခြင်း တိုက်ခိုက်နိုင် စွမ်း ရှိသည်ဟု လေလုံး ထွားပြန်

အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံများ နှင့် အီရန် နိုင်ငံ တို့၏ နျူကလီးယားသဘောတူညီချက် အောင်မြင်ရန် နီးကပ်လာချိန်တွင် ထုံစွ အတိုင်း အမေရိကန် မှ အီရန်အား ဗိုလ်ကျနိုင်ရန် နည်းလမ်း အသစ်များ အကြောင်းပြချက်အသစ်များ ရှာ နေပြီး ထုံးစံ အတိုင်း အစ္စရေး ကိုလိုနီ အစိုးရ မှ ချက်ခြင်း တိုက်ခိုက်နိုင် စွမ်း ရှိသည်ဟု လေလုံး ထွားလိုက်ကြောင်း သတင်းရရှိပါတယ်။


အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ငြိမ်းချမ်း ရေးကို ဥိးစားပေး အလေးထားသည့် နျူကလီးယား  တိုးတက်အောင်မြင်မှု ကို မ ရှုနိုင် မကြည့်နိုင် ဖြစ်နေသည့် အစ္စရေး ဇီယွန် ဝါဒီ မှ အီရန် နျူကလီးယား နှင့် သက်ဆိုင်တဲ့နေရာတွေကို အောင်အောင်မြင်မြင်နဲ့ ချက်ခြင်းတိုက်ခိုက်နိုင်စွမ်း မိမိတို့မှာ ရှိတယ်လို့ ဧပြီလမှာ အစ္စရေးဇီယွန် လေတပ်အကြီးအကဲဖြစ်လာမည့် ဗိုလ်ချုပ် တိုမာရ် ဘားက လေလုံးထွား ပြောဆိုလိုက်ပါတယ်။

အမေရိကန် ပါဝင်သည့် အင်အားကြီးနိုင်ငံများ နှင့်  အီရန်နှင့် နျူကလီးယားသဘောတူညီချက် ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစ္စရေး ဇီယွန် ကိုလိုနီ ဖက်က အခုလို လေလုံး ထွား မှု ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။

ဗိုလ်ချုပ် တိုမာရ်ဘားက သူ လေတပ်ကို တာဝန်ယူနေတဲ့အချိန်မှာ အီရန်ကို တိုက်ခိုက်ရတာမျိုး ဖြစ်လာနိုင်တယ်လို့ လေလုံး ထွားထားပါတယ်။

 အစ္စရေး ဇီယွန် အနေဖြင့် အာရပ်နိုင်ငံများ ကို ၆ရက်အတွင်း သိမ်းနိုင်ခဲ့သည့် သမိုင်း ရှိခဲ့သလို ၂၀၀၆ခုနှစ်တွင် အီရန် နိုင်ငံ၏ သား အဆင့်သာ ရှိသည့် ဟစ်ဘွလ္လာဟ် အဖွဲ့ အား ၃၁ ရက်ကြာသည့် တိုင်အောင် နိုင်အောင် မတိုက်နိုင် ဘဲ စစ်ပြေ ငြိမ်းခဲ့ရသည့် သမိုင်းဆိုးကလည်း သက်သေ ရှိနေပါသေးတယ်။

ဗိုလ်ချုပ် တိုမာရ်ဘား မှ “လိုအပ်ရင် မနက်ဖြန်တောင် အစ္စရေးက အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အောင်မြင်အောင် တိုက်ခိုက်နိုင်ပါတယ်။ ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ ဒါမျိုးဖြစ်လာမယ်လို့ ကျွန်တော်ယူဆတယ်။ ဒီတာဝန်ကြီးလေးမှုကိုလည်း ကျွန်တော် နားလည်ပါတယ်” ဆိုပြီး  ကလေးများ ပမာ စကားကို လွယ်လွယ်လေး ပြောခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏  ကွတ်ဒ်စ် တပ်မတော်မှလည်း အစ္စရေး အနေဖြင့် အီရန် အား စတိုက်ခဲ့လျင်  ၇ မိနစ်ခွဲ အတွင်း အစ္စရေး ကို ချေမှုန်းပြမည်ဟု သတ္တိရှိ စွာ ပြောဆိုထားပြီးဖြစ်ပါတယ်။

အီရန်ရဲ့ နျူစီမံကိန်း နှင့် ပတ်သက်ပြီး အင်အားကြီး ၆ နိုင်ငံနှင့် အီရန် မှ ၂၀၁၅ ခုနှစ်တွင် သဘောတူညီချက် ရခဲ့ပေမဲ့ ၂၀၁၈ ခုနှစ် အမေရိကန် သမ္မတထရမ့်လက်ထက် ရောက်ချိန် တွင်   အီရန် နိုင်ငံ အပေါ် ပိတ်ဆို့ အရေး ယူထားမှုများ ကို ရုပ်သိမ်းပေးရတော့မည်ကို ကြောက်၍ ၎င်းမှ ကောက်ကျစ် ယုတ်မာ ပြီး လူ့အခွင့်အရေး ကို ချိုးဖောက်ကာ အမေရိကန် မှ အစည်းအဝေးမှ  နှုတ်ထွက်သွားခဲ့ပါတယ်။ ပြီးနောက် ယောက်ကျား မဆန်စွာ ဖြင့် အီရန် ကွဒ်စ် တပ်မတော် ၏ ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အား မိန်းမလျာ များပမာ နောက်ကွယ်မှ လုပ်ကြံခဲ့ပါတယ်။ ဒီအမိန့်ကို လူယုတ်မာကြီးထရန့် မှ ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အား လုပ်ကြံ လိုက်သည့် ရလာဒ် မှာ ထရန့် သမ္မတ သစ်ရွေးကောက်ပွဲတွင် အရှက်ကွဲပြီး ရှုံးနှိမ် သွားခဲ့ရပါတယ်။

လက်ရှိသမ္မတ ဘိုင်ဒန်လက်ထက်မှာ လည်း  ဒီသဘောတူညီချက် အဆင်ပြေအောင် တရားမျှမျှတတဖြစ်အောင်မပြုဘဲ အီရန် အပေါ် ဗိုလ်ကျနိုင် အောင် ထပ်ပြီး ကြိုးပမ်းနေကြပါတယ်။

အမေရိကန် နှင့် အစ္စရေး ဇီယွန် အနေဖြင့် အီရန် နိုင်ငံအား အီရတ် ၊အာဖဂန် ၊ ဆီးရီးယား ၊ပါလက်စတိုင်း ၊ဆော်ဒီ ၊ ယူအေအီး စသည်ဖြင့် နိုင်ငံများကဲ့သို့ သဘောထားပြီး လျော့ထွက်လျင် အကြီးအကျယ် ဆုံးရှုံးမှု နှင့် ရင်ဆိုင်ရမည် မှာ မလွဲ ကြောင်း နိုင်ငံရေး တတ်ကျွမ်း သူများ စစ်ရေး နိုင်သူများ အထူး သဘောပေါက်ကြပါတယ်။

****************************************************************
END / 251