အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၄ ဖေဖော်ဝါရီ ၂၀၂၂

၂၀:၂၄:၃၉
1225968

မိခင် နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် မိခင်နှင့် ပတ်သက်ပြီး ထမ်းဆောင် ရမည့် တာဝန် ဝတ္တရား ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မွတ်စ်သဒရာက်ကိုလ်ဝစာအေလ် ကျမ်းလာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول اللہ صلی الله علیه و آله و سلم :

أنّ رجلا سأل النبیّ صلى الله علیه وآله وسلم فقال: « یَا رَسُولَ اللهِ! مَا حَقُّ الْوَالِدِ؟ قَالَ: أَنْ تُطِیعَهُ مَا عَاشَ. فَقِیلَ : مَا حَقُّ الْوَالِدَهِ ؟ فَقَالَ: هَیْهَاتَ هَیْهَاتَ لَوْ أَنَّهُ عَدَدَ رَمْلِ عَالِجٍ وَقَطْرِ الْمَطَرِ أَیَّامَ الدُّنْیَا قَامَ بَیْنَ یَدَیْهَا مَا عَدَلَ ذَلِکَ یَوْمَ حَمَلَتْهُ فِی بَطْنِهَا.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

တစ်ဦးတစ်ယောက်သည် ဟဇရန်မိုဟမ္မဒ် (ဆွ) ထံ ခစားပြီးနောက်လျှောက်ထားလေ၏။ အို … အလ္လာဟ့်၏ တမန်တော်မြတ် (ဆွ) ဖခင်နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား သည် အဘယ်အရာနည်း ? မဟာတမန်တော်မြတ် ကြီး (ဆွ) မိန့်တော်မူ၏။ ၎င်းအသက်ရှင်နေသမျှ ကာလပတ်လုံး ဖခင်၏ အမိန့် ကို လိုက်နာပါလေ။နာခံပါလေ။ ပြီးနောက် ၎င်းမှ ဆက်ပြီး မေးမြန်း လေ၏။ မိခင်နှင့်ပတ်သက်ပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရား သည် အဘယ်အရာနည်း ? မဟာတမန်တော်မြတ် ကြီး (ဆံ) မိန့်တော်မူ၏။ အကယ်၍ မနုဿ လူသားအနေဖြင့် သဲကန္တာရ ရှိ ကျောက်စရစ်ခဲများနှင့် အညီ မိုးရေမိုးစက်များ နှင့်အညီ လောကကြီး၏နေ့ အရေအတွက်များ နှင့် အညီ မိခင်ရှေ့ တွင် ရပ်ပြီး ၎င်း၏ အမိန့်ကို နာခံမည်။ လိုက်နာမည်ဆိုလျင် လည်း မိခင် ကိုယ်ဝန်ဆောင်ထားသည့်ကာလ၏ တစ်နေ့ အတွက်ပင် တာဝန် ကျေမည် မဟုတ်ချေ။

ကျမ်းကိုး ။ မွတ်စ်သဒရာက်ကိုလ်ဝစာအေလ် ကျမ်းအတွဲ ၁၅ ၊ စာမျက်နှာ ၂၀၃

##################################

END / 251