အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၅ ဖေဖော်ဝါရီ ၂၀၂၂

၂၀:၂၆:၀၉
1233428

ယူကရိန်း ကို တစ်နိုင်ငံတည်း ကျန်ရစ်အောင် ပြုလုပ်ခဲ့ကြ / ယူကရိန်းသမ္မတ

ယူကရိန်း သမ္မတ ဗလာဒီမာ ဇယ်လင်စကီး မှ ယူကရိန်း နိုင်ငံ အား နေတိုး အဖွဲ့ဝင် အဖြစ် လက်ခံရန် အာမခံ ပေးသူများသည် ကြောက်ရွံ့ နေကြကြောင်း ပြောကြားခဲ့ပါတယ်။


ယူကရိန်း သမ္မတ ဗလာဒီမာ ဇယ်လင်စကီး မှ ယူကရိန်း နိုင်ငံ သည် တစ်နိုင်ငံတည်း ကျန်နေကြောင်း မနေ့ညက မိန့်ကြားသည့် မိန့်ခွန်း တွင် ပြောကြားခဲ့ပါတယ်။ ငါတို့နဲ့ အတူ ဘယ်နိုင်ငံ ရှိပါသလဲ ? ကျွန်ုပ်တို့အနေဖြင့် မည်သည့် နိုင်ငံကို မှမမြင်ရချေ။

ယူကရိန်းသမ္မတ မှ ကမ္ဘာ နိုင်ငံများ ကို မေးခွန်း ထုတ်ထားပါတယ်။ အခုလို အခက်အခဲ နှင့် ရင်ဆိုင်နေသည့်အချိန်မှာ မည်သည့် နိုင်ငံ သည် ငါတို့ နှင့် အတူ ရှိမည် နည်း ?

ယူကရိန်းသမ္မတ မှ ဆက်လက်ပြီး မိမိနိုင်ငံ ကို နေတိုး အဖွဲ့ဝင် ဖြစ်အောင် အာမခံ ထားသည့်သူများ ကို တိုင် ကြောက်လန့် နေကြကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိန့်ကြားသည်မှာ - မိမိအနေဖြင့် ၂၇ နိုင်ငံ ၏ အကြီးအကဲများထံ နေတိုးအဖွဲ့ဝင် ဖြစ် ၊မဖြစ်ဆိုတာကို မေးခွန်း မေးခဲ့ကြောင်း ၊သို့သော် အားလုံးမှာ ကြောက်လန့်နေသည့် အတွက် အဖြေ မပေးခဲ့ကြကြောင်း ၊ ဒါပေမဲ့ ကျနော်ကတော့ မကြောက်ကြောင်း မိန့် ကြား ခဲ့ပါတယ်။

ယူကရိန်းသမ္မတ မှ ဆက်လက်ပြီး ရုရှား နှင့် ဥရောပ အကြား သံတံတိုင်း ပြိုကျကာ ရုရှား ကို တိုက်ခိုက်ရန်အတွက် ယူကရိန်း တစ်ဦးတည်းသာ ကျန်တော့ကြောင်း ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင်လည်း ရုရှား စစ်တပ်သည် ယူကရိန်း မြို့တော် ကိယက်ဗ် သို့ အလွန် နီးကပ်စွာ ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အမေရိကန် သတင်းဌာန CNN ရုရှားစစ်တပ်သည် ဘီလာရုစ် မှ တဆင့် ယူကရိန်း သို့ ဝင်ရောက်လာပြီး ယူကရိန်း ၏ မြို့တော် ကိယက်ဗ် နှင့် မိုင် ၂၀ သာ ကွာတော့ကြောင်း ထောင်ပေါင်းများစွာသော ရုရှားစစ်တပ်မှ ယူကရိန်း မြို့ အသီးသီး အား ဗုံးကျဲ ပြီးနောက် ကိယက်ဗ် မြို့တော် အား ဝိုင်း ထား ခဲ့ပြီး ဖြစ်ကြောင်း ချာနိုဘိုင်းနျူကလီးယား ဓာတ်အား ပေးစက်ရုံ သိမ်းပိုက် လိုက် ပြီး ဖြစ်ပါတယ်။

ရှရှားနိုင်ငံ ၏ ယူကရိန်း အပေါ် တိုက်ခိုက်မှု ကြောင်း အရပ်သား ၁၃၇ ဦဒ သေဆဲုး ခဲ့ပြီး ၃၀၀ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း ယူကရိန်းမှ အတည်ပြုခဲ့ပါတယ်။

ယူကရိန်း မှ ရုရှား ရဟတ်ယာဉ် ၅ စီးအား ဖျက်စီး ခဲ့ပြီး စစ်သား ၅၀ သတ်ခဲ့ပြီး စစ်သား အယောက် ၈၀ ကို ဖမ်းဆီးထားကြောင်း ကြေညာ ထားပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင် ကလည်း အနောက်နိုင်ငံများ ကို ဤ ပဋိုပက္ခ မှ ရှောင်ကြဖို့ မပါဝင်ဖို့ သတိပေး ပြောကြားထားပါတယ်။ ရုရှားသမ္မတ မှ ဆက်လက်ပြီး မည်သည့် နိုင်ငံ မဆို မိမိ အား တားဆီးမည် သို့မဟုတ် ရုရှား နိုင်ငံ အတွက် အန္တရာယ် ဖြစ်လာပါက မည်သူမှ မမြင်ဖူးသည့် အဖြေ ပေးမည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို ထားပါတယ်။

****************************************************************

END / 251