အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၂၈ ဖေဖော်ဝါရီ ၂၀၂၂

၁၂:၂၄:၃၈
1234435

စစ်ပွဲ၏သက်ရောက်မှုကြောင့် You Tube တွင် ရုရှား ချန်နယ်များ ငွေရှာ နိုင်တော့မည် မဟုတ်

ယူကရိန်း နိုင်ငံကို ရုရှား နိုင်ငံ မှ ကျူးကျော် ပြီးနောက် Facebook အတိုင်း ခြေလှမ်း၍ You Tube မှလည်း ရုရှားအစိုးရ ပိုင်မီဒီယာ RT နှင့် အခြား ရုရှား ချန်နယ်များ ကို ဗီဒီယိကြော်ငြာများ စုဆောင်းပြီး ငွေရှာခြင်း ကို ပိတ်ပင်ထား ကြောင်း သိရှိရပါတယ်။


Sahartv ၏သတင်းအထောက်အထားများ အရ You Tube မှ ပုံမှန် မဟုတ်သည့် အခြေအနေများကို ကိုးကားပြီး မကြာသေးမီက ကန့်သတ်ချက် များကြောင့် ရုရှား ချန်နယ် များ အပါအဝင် အခြားချန်နယ် များစွာ တွင် ငွေရှာခြင်းကို ပိတ်ဆို့ ထားကြောင်း ထုတ်ပြန် ချက်များ တွင် ဖော်ပြထားပါတယ်။

YouTube ၏ ပြောရေးဆိုခွင့်ရှိသူ Farshad Shadloo က ထိခိုက်သည့် ချန်နယ်များ၏ ဗီဒီယိုများကို ယူကရိန်းအစိုးရ၏ တောင်းဆိုချက်အရ RT အပါအဝင် အခြားသော ချန်နယ်များစွာကို ယူကရိန်းတွင် ဝင်ရောက်ကြည့်ရှုခွင့် မရှိတော့ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်း၏ ဒစ်ဂျစ်တယ်ဝန်ကြီး Mikhailov Fedorov သည် Russia-24, RI, TASS ကဲ့သို့သော ရုရှားဝါဒဖြန့်ချန်နယ်များကို ပိတ်ဆို့ရန် YouTube ကို ဆက်သွယ်ခဲ့ကြောင်း စနေနေ့တွင် တွစ်တာတွင် ရေးသားဖော်ပြထားပါတယ်။

YouTube သည် ပိတ်ပင်ခံထားရသည့် အခြားချန်နယ်များကို အမည်မဖော်ဘဲ မှတ်ချက်ပေးရန် တောင်းဆိုမှုကို RT မှ ချက်ချင်းတုံ့ပြန်ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။

 

ဥပဒေပြုသူများနှင့် YouTube အသုံးပြုသူအချို့သည် ရုရှားအစိုးရနှင့် ဆက်နွှယ်နေသည့် ချန်နယ်များကို အမြင့်ဆုံး အရေးယူရန် YouTube ကို နှစ်ပေါင်းများစွာ တိုက်တွန်းခဲ့ပြီး ၎င်းတို့သည် သတင်းမှားများ ဖြန့်ကာ အမြတ်မယူသင့်သောကြောင့် ဖြစ်တယ်။

 

ဒစ်ဂျစ်တယ်သုတေသနပညာရှင် Omeilas က 2018 ခုနှစ် ဒီဇင်ဘာလကုန်တွင် ရုရှားသည် YouTube ချန်နယ် 26 ခုတွင် ကြော်ငြာ 32 သန်းမှ 7 သန်းခန့် ရရှိခဲ့ကြောင်း ထိုအချိန်က Reuters သို့ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

****************************************************************

END / 251