အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၂ မတ် ၂၀၂၂

၁၀:၅၃:၁၂
1238360

၁၉၀ ကြိမ်မြောက် မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ထိပ်တန်း အဖွဲ့ဝင်ကြီးများ ဆိုင်ရာ အစည်းအဝေး ကျင်းပ + ဓာတ်ပုံများ

၁၉၀ ကြိမ်မြောက် မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ထိပ်တန်း အဖွဲ့ဝင်ကြီးများဆိုင်ရာ အစည်းအဝေး အား မတ်လ ၁၁ ရက် သောကြာနေ့ တွင် ကျင်းပ ခဲ့ ပြီး ကမ္ဘာ့ အရေး အကြီးဆုံး ဖြစ်ရပ် များ နှင့်ပတ်သက်၍ မိမိတို့ ၏ ရပ်တည်ချက် ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။


၁၉၀ ကြိမ်မြောက် မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ထိပ်တန်း အဖွဲ့ဝင်ကြီးများဆိုင်ရာ အစည်းအဝေး အား မတ်လ ၁၁ ရက် သောကြာနေ့ ၂၀၂၂ ခုနှစ် တွင် နံနက် ၊ နေ့လည် နှင့် ညနေပိုင်း အဖြစ် သုံးဆိုင်း ပြုလုပ်၍ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မရှ်ဟဒ် မြို့ တွင် ကျင်းပခဲ့ပါတယ်။

အစည်းအဝေး တွင် အီရန် နိုင်ငံ ဘက်မှ အာယာသွလ္လာဟ် မိုဟမ္မဒ် ဟစန် အခ်သရီ ၊ အာယာသွလ္လာဟ် ဒွဒ်ရေ နဂျဖ် ၊ အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ ၊ အာယာသွလ္လာဟ် ဟာဒီ တီဟီရန်နီ ၊ အာယာသွလ္လာဟ် ဆရက်ဒ် အဲဟ်မဒ် ခါသမီ ၊ H.I ဆရက်ဒ် အဘူလ်ဟစန် နဝါဗ် ၊ H.I မိုဟ်စင်ကွမ်းမီ ၊ အာဂါယေ အလီအက်္ကဗဲရ် ဝေလာယသ်သီ ၊ အာဂါယေ မိုဟမ္မဒ်ဒီ အီရတ်ကီ ၊ အာဂါယေ မိုဟ္မဒ် မဲဟ်ဒီ အီမာန်နီ ပူရ် ၊ အာဂါယေ ဟမီးဒ် ရှဲဟ်ယာရီ ၊ အာဂါယေ အလီ အဘာစ်စီ ၊အာဖရိက မှ အာဂါယေ မိုရ်သစာ မိုရ်သစီ ၊ ဆီးရီးယား နိုင်ငံ မှ အာဂါယေ နဘီလွလ်ဟလ်ဗါဝီ ၊ ကူဝိတ် နိုင်ငံ မှ အာယာသွလ္လာဟ် ဟိုစိန်အလ်မအ်သူဖ် ၊ အီရတ် နိုင်ငံမှာ H.I ဆရက်ဒ် အမာရ် ရွလ်ဟကီးမ် ၊ လက်ဘနွန် နိုင်ငံ မှ အာဂါယေ မအီးန် ဒကီးက် ၊အိန္ဒိယ နိုင်ငံ မှ နာဒေရ် ဂျအ်ဖရ် နှင့် မဂ်ျမယေဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) တာဝန်ရှိသူများ တက်ရောက် နေရာယူခဲ့ ကြ ပါတယ်။

ဤ တစ်ရက်တာ အစည်းအဝေး တွ မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေမှူး အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ မှ မဂ်ျမအ် ၏ ဆောင်ရွက်ချက်များ ဆိုင်ရာ အစီရင်ခံစာ ကို တင်ပြခဲ့ပါတယ်။ ပြီးနောက် မဂ်ျမ၏ ထိပ်တန်း အဖွဲ့ဝင်များ မှ အာယာသွလ္လာဟ် ရေဇာ ရမ်တွာန်နီ အား ကျေးဇူးတင် စကားပြောကြ ပြီး မိမိတို့ အမြင်များ ကို တင်ပြခဲ့ကြပါတယ်။

ပြီးနောက် မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အထွေထွေ အတွင်းရေမှူး အာယာ သွလ္လာဟ် ရေဇာ ရမ်တွာန်နီ အားလာမည့် သုံးလ အတွင်း မဂ်ျမအ် နှင့်ပတ်သည့် ပြောင်းလဲချက်များ ဆောင်ရွက်ချက်များ စိစစ်ချက်များ အတည်ပြု ချက်များကို ရွေးချယ်ထားသည့် အဖွဲ့ အား တင်သွင်းရန် ရမှာ ဖြစ်ပါတယ်။

ထိုနည်း တူစွာ အစ္စလာမ့် ကမ္ဘာ နှင့်ပတ်သက်သည့် ကိစ္စများ ၊ ကမ္ဘာ ရှီအာများ နှင့် ၎င်းတို့ နှင့် ပတ်သက်သည့် စိတ်ခေါ်မှုများ ကို ဆွေးနွး ခဲ့ကြပါတယ်။

ပြီးနောက် နိုင်ငံတကာ ဆိုင် မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ သာမန်အဖွဲ့ဝင်များ ဆိုင်ရာ သတ္တမ မြောက် အစည်းအဝေးကြီး ကျင်းပနိုင်ရေး ကိစ္စ နှင့်ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေး အတည်ပြုမှုများ ပြုခဲ့ ကြောင်း သိရှိ ရပါတယ်။

၁၉၀ ကြိမ်မြောက် မဂ်ျမအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ ထိပ်တန်း အဖွဲ့ဝင်ကြီးများဆိုင်ရာ အစည်းအဝေး အား ဆွေးနွေး အဆုံးသတ် ပြီးနောက် ၊ နောက်ဆုံး တွင် ကမ္ဘာ့ အရေး အကြီးဆုံး ဖြစ်ရပ် များ နှင့်ပတ်သက်၍ မိမိတို့ ၏ ရပ်တည်ချက် ကို ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ 

အစည်းအဝေး ၏ ထုတ်ပြန် ကြေညာချက်ပါ စာသားများ ဓာတ်ပုံရိပ်များ ကိုလည်း အင်န်ရှာ အလ္လာဟ် နောက်ပိုင်းတွင် ထုတ်ပြန်ဖော်ပြသွားမည် ဖြစ်ပါတယ်။

****************************************************************

END / 251