အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၆ ဧပြီ ၂၀၂၂

၁၂:၃၇:၂၇
1251975

မောင်လာ အလီ (အ.စ) ၏ ရောင်ဇာတော် တွင် ဇေယာရသ်ပြုသူ လူ ဦးရေ လေးသန်းခွဲ ကျော် ရောက်ရှိ

ယခုနှစ် ခရစ်သက္ကရာဇ် ၂၀၂၂ခုနှစ် လမြတ်ရမ်တွာန် ၏ ၂၁ ရက်နေ့ မောင်လာ အမီးရွလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) ရှဟာဒသ် ခံယူ သည့် နေ့ တွင် နဂျဖ်ဖေအရှ်ရဖ် မြို့ ရှိ မောင်လာ အလီ (အ.စ) ၏ ရောင်ဇာ တော် သို့ ဇေယာရသ် ပြု ရန် လူဦးရေ လေးသန်းကျော် ရောက်ရှိခဲ့ ကြောင်း သိရှိရပါတယ်။


အောင်မြင်သည့် လုံခြုံရေး အစီအမံ ဖြင့် ယခုနှစ် (၂၀၂၂) လမြတ်ရမ်တွာန် ၏ ၂၁ ရက်နေ့ မောင်လာ အမီးရွလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) ရှဟာဒသ် ခံယူ သည့် နေ့ တွင် နဂျဖ်ဖေအရှ်ရဖ် မြို့ ရှိ မောင်လာ အလီ (အ.စ) ၏ ရောင်ဇာ တော် သို့ ဇေယာရသ် ပြု ရန် လူဦးရေ လေးသန်းကျော် ရောက်ရှိခဲ့ ကြောင်း သိရှိရပါတယ်။

မာဂျစ်ဒ် အလ်ဝါအေလီ နဂျဖ်ဖေအရှ်ရဖ် မြို့ဝန် မှ မောင်လာ အမီးရွလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် သို့ ဇေယာရသ် ပြုရန် ရောက်ရှိလာသူ လေးသန်းကျော် ရှိကြောင်း တစ်သိန်းကျော် မှ နိုင်ငံခြား သား ဇေယာရသ် ပြုသူများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ယခု ရက်ပိုင်းတွင် နဂျဖ်ဖေ အရှ်ရဖ် လေဆိပ် တွင် လေယာဉ် ခရီးစဉ် တစ်သိန်း သုံးသောင်း ကျော် မှတ်တမ်း တင်ထားကြောင်း ပြောကြား ခဲ့ပါတယ်။

မှတ်သားစရာအချက်မှာ နဂျဖ်ဖေ အရှ်ရဖ် မြို့ တစ်မြို့လုံး အထူးသဖြင့် အေမာမ် အလီ (အ.စ) ၏ ရောင်ဇာတော် ၏အနီး တဝိုက်တွင် မောင်လာ အမီးရွလ် မိုအ်မေနီ အေမာမ် အလီ (အ.စ) ၏ ရှဟာဒသ် အတွက် ဝမ်းနည်း သည့် အထိမ်း အမှတ် အဖြစ် အမဲရောင် အလံများ လွှင့် ထူ ထား ကြောင်း သိရှိရပါတယ်။ ဇေယာရသ် ပြုရန် လာရောက်သူများ အနေဖြင့် ဒုတိယ မြောက် ကဒဲရ် ညမြတ် ဖြစ်သည့် လမြတ် ရမ်တွာန် ၂၁ ရက် အတွက် အမလ်များ ပြုလုပ်ခဲ့ကြပြီး အေမာမ် (အ.စ) အတွက် အဇါဒါရီများ ပြုလုပ်ခဲ့ ကြပါတယ်။

 

+++++++++++++++++++++++++++++++++++++++++++++++++++++

END / 251