အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၆ မေ ၂၀၂၂

၀၄:၃၀:၁၃
1257875

သက်တော် ၇၉ နှစ် တွင် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ခံယူ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အကျော် အမော် တရားဟောဆရာ တစ်ပါး ၊ ဓမ္မ ကတိက နှင့် ကျမ်းတော်မြတ်ကုရ်အာန် အကျယ်ဖွင့်ဆိုသူ ဆရာ တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်တရား နှင့် စာရိတ္တပိုင်ဆိုင်ရာ ကဏ္ဍ ကို ပိုင်နိုင်ကျွမ်းကျင်သည့် ဆရာ တော်ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ သည် အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ကို ခံယူ သွားကြောင်း ဝမ်းနည်း ကြေကွဲ စွာ ဖြင့်တင်ပြ အပ်ပါတယ်။


 

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အကျော် အမော် တရားဟောဆရာ တစ်ပါး ၊ ဓမ္မ ကတိက နှင့် ကျမ်းတော်မြတ်ကုရ်အာန် အကျယ်ဖွင့်ဆိုသူ ဆရာ တစ်ဦးဖြစ်ပြီး ကိုယ်ကျင့်တရား နှင့် စာရိတ္တပိုင်ဆိုင်ရာ ကဏ္ဍ ကို ပိုင်နိုင်ကျွမ်းကျင်သည့် ဆရာ တော်ကြီး ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ သည် သက်တော် ၇၉ နှစ်တွင် အလ္လာဟ်ဟို အရှင်မြတ် အမိန့်တော် ကို ခံယူ သွားကြောင်း ဝမ်းနည်း ကြေကွဲ စွာ ဖြင့်တင်ပြ အပ်ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ အား ခရစ်သက္ကရာဇ် ၁၉၄၃ ခုနှစ်တွင် အီရန်နိုင်ငံ သဗ်ရေဇ် တွင် မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်က မိမိ၏ဖခင်ဖြစ်သူ အိုလမာယေ အေရ်ဖန် မှ တစ်ပါးဖြစ်သူ (မီးရ် အစ္စမာအီးလ်) ထံ တွင် သာသနာပညာ နှင့် ဖခင်ပညာများကို ဆည်းပူးခဲ့ပါတယ်။ အသက် ၃၀ ခန့် အရွယ်တွင် မရ်ဟွန်မ် အာယာသွလ္လာဟ် ဆရက်ဒ် အလီ ကာဇီ ၏ တပည့် များ မှ တစ်ဦး ဖြစ်သည့် အာဂါယေ ဟစန် မွတ်စ်သဖာဝီ ထံ တွင် ပညာသင်ယူခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သာသနာ ပညာကို လည်း ဟောင်ဇာတွင် ဆည်းပူးသင်ယူခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ သည် မရ်ဟွန်မ် အာယာသွလ္လာဟ် ဆရက်ဒ် အလီ ကာဇီ ၏ တပည့်အများစု ဖြစ်ကြသည့် အလမာ သွဗာသွဗာအီ ၊ဆရက်ဒ် မိုဟမ္မဒ် ဟစန် အေလာဟီ သွဗာသွဗာအီ ၊ မိုဟမ္မဒ် သကီ အာမိုလီ ၊ ဆရက်ဒ် ရေဇာ ဗဟာအွန်ဒ်ဒီးန်နီ ၊ မိုဟမ္မဒ် သကီ ဗဲဟ်ဂျသ် အလမာ ဂျအ်ဖရီ စသည်ဖြင့် ၏ တပည့် ဖြစ်ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ ၏ လှုပ်ရှား အကျိုးပြုမှုများ မှာ အစ္စလာမ် သာသနာဆိုင်ရာ ပညာရပ်များကို ပို့ချခြင်း ဖြစ်ပြီး သုတေသနပြုခြင်း ၊ ဟောင်ဇာ တွင် စာသင်ပေးခြင်း အီရန် နိုင်ငံ တော်ပိုင် ရုပ်မြင် သံကြားတွင် အစ္စလာမ် တရားတော်များကို ဟောကြား ပို့ချ ပေးခဲ့တို့ ဖြစ်ပါ တယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ သည် ကိုယ်ကျင့်တရား ဆိုင်ရာ ကဏ္ဍ ၊ အေလ်မေရေဂျာ ကဏ္ဍ ၊ အေရ်ဖန် နဇရီ ကဏ္ဍ တို့တွင် ပိုင်နိုင် ကျွမ်းကျင်သည်ဆရာတစ်ပါး ဖြစ်ပြီး များသောအားဖြင့် သာမန် မိုအ်မင် ၊မိုအ်မေနသ်များ အတွက် တရားဓမ္မများ ကို ဟောကြား ပို့ချခဲ့သူ ဖြစ်ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ မိုဖာစေရိုကုရ်အာန် ( ကုရ်အာန် အကျယ်ဖွင့်ဆိုသူ) ၊ စဟီဖဟ် စဂျာဒီ ယဟ်ကျမ်း နှင့် နဲဟ်ဂျိုလ်ဗလာဂါ ကျမ်း တွင်လည်း ကျွမ်းးကျင်သည့် ဆရာ အဖြစ် ကျော်ကြားသူ ဖြစ်ပါတယ်။ ဤကဏ္ဍများ နှင့် ပတ်သက်ပြီး ဟောကြား ထားသည့် တရားများလည်း ရှိပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဗ်ဒွလ္လာဟ် ဖွာတွေမီနေယာ အလ္လာဟ်ဟိုအရှင်မြတ် အမိန့် ခံယူသွားသည်အတွက် ပထမ ဦးစွာ အေမာမ်ဇမာန်း (အ.ဂျ ) ပြီးနောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ နှင့် အိုလမာယေဟက် နှင့် မရ်ဟွန်မ် အာယာသွလ္လာဟ် ကြီး၏ ကျန်ရစ်သူမိသားစုဝင်များ တပည့်များ ကို အလွန် ဝမ်းနည်း ကြေကွဲ ရကြောင်း ပြောကြားအပ်ပါတယ်။

 

****************************************************************

END / 251