အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁၉ မေ ၂၀၂၂

၁၅:၁၅:၀၂
1258967

တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို ထောင်ဒဏ် ၃ နှစ် အမိန့်ချ

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တောင်သူလယ်သမား အရေးတက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ကျခံဖို့ မေလ ၁၇ ရက်မှာ ထောင်တွင်းတရားရုံးမှာ အမိန့်ချခဲ့တယ်လို့ သူ့ရဲ့ရှေ့နေထံကသိရပါတယ်။




မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တောင်သူလယ်သမား အရေးတက်ကြွလှုပ်ရှားသူ ဦးအေးသိန်းကို  ပုဒ်မ ၅၀၅  (က) နဲ့ ထောင်ဒဏ် ၃  နှစ် ကျခံဖို့ မေလ ၁၇ ရက်မှာ ထောင်တွင်းတရားရုံးမှာ အမိန့်ချခဲ့တယ်လို့ သူ့ရဲ့ရှေ့နေထံကသိရပါတယ်။

ဦးအေးသိန်းဟာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နေအိမ်တအိမ်မှာ ရှိနေစဉ်  ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီက သူ့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာပါ။

“အမိန့်က အပြည့်ချလိုက်တာ ၃ နှစ်။ သူ့အနေနဲ့ ဆန္ဒပြရာမှာ ပါတယ်ဆိုပြီး အမိန့်ချတာ။ ဒီကိစ္စနဲ့ ပတ်သက်လို့ မငြင်းဘူး။” လို့ ဦးအေးသိန်းရဲ့ ရှေ့နေ တယောက်က ပြောပါတယ်။

ဒါ့အပြင် ဦးအေးသိန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)/၅၁(ဂ) တို့နဲ့လည်း မန္တလေးခရိုင်တရားရုံးမှာ တရားစွဲဆိုထားပါသေးတယ်။

****************************************************************
END / 251