အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၂၂ မေ ၂၀၂၂

၁၉:၃၀:၄၈
1259880

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုပညာသင်တန်း လွတ်မြောက်နယ်မြေ၌ ကျင်းပ

ကြားကာလ မရာအစိုးရ - မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ MATC/MDF နယ်မြေ အောက်ရှိ ကျေးရွာ အုပ်ချုပ်ရေး နဲ့အတွင်းရေးမှူးတွေကို စီမံခန့်ခွဲမှုပညာ နဲ့ အုပ်ချုပ်မှုပညာသင်တန်းကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပထမအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။






ကြားကာလ မရာအစိုးရ - မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ MATC/MDF နယ်မြေ အောက်ရှိ ကျေးရွာ အုပ်ချုပ်ရေး နဲ့အတွင်းရေးမှူးတွေကို စီမံခန့်ခွဲမှုပညာ နဲ့ အုပ်ချုပ်မှုပညာသင်တန်းကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပထမအကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။

မေ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ  တိုက်နယ်/ကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ အတွင်းရေးမှူးတွေကို စီမံခန့်ခွဲပညာနှင့် အုပ်ချုပ်မှုပညာသင်တန်းကို မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ-MATC အောက်ရှိ ဒေသန္တရအုပ်ချုပ်ရေးဌာနက အမှုဆောင်အတွင်းရေးမှူး ဦးဆောင်ပြီး ကျင်းပခဲ့တာလို့ ဆိုပါတယ်။

သင်တန်းကို မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့ MDF က လုံခြုံရေးယူပေးခဲ့ပြီး  တိုက်နယ်/ကျေးရွာ အသီးသီးက အုပ်ချုပ်ရေးမှူး နဲ့ အတွင်းရေးမှူး အားလုံးပေါင်း ၁၀၀ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မရာနယ်မြေ ဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီဟာ  ဒေသအတွင်း ပညာရေး - ကျန်းမာရေး နဲ့ အုပ်ချုပ်ရေး/ကာကွယ်ရေးကိုလည်း ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်စွာ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပါတယ်။


****************************************************************
END / 251