အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၄ ဇူလိုင် ၂၀၂၂

၁၃:၅၉:၄၀
1276523

မည်သည့် အခြေအနေ တွင်ဖြစ်စေ အမေရိကန် သည် ဒေသတွင်းမှ ထွက်ရပေမည် / Astana ထိပ်သီး အစည်းအဝေး

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဟဇရသ်ဒေါက်တာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီမှ အရှေ့ ဥဖရေးတီးစ် ဒေသတွင် အမေရိကန် ရောက်ရှိနေခြင်းသည့် မည့်သည့် ခိုင်လုံသည့် အကြောင်းပြချက်မှ မရှိကြောင်း နှင့် မည်သည့် အခြေအနေ တွင် ဖြစ်စေ အမေရိကန် သည်ဒေသတွင်းမှထွက်ရမည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏မြို့တော် တီဟီရန် တွင် ကျင်းပသည့် သတ္တမ အကြိမ်မြောက် Astana ထိပ်သီး အစည်းအဝေး ပွဲအပြီး ကျင်းပသည့် သတင်းစာ ရှင်းလင်း ပွဲတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဟဇရသ်ဒေါက်တာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီမှ ရုရှား သမ္မတ နှင့် တူရကီ သမ္မတ တို့ အား ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး ဆီးရီးယား နိုင်ငံ ၏ လက်ရှ် အစိုးရအား တရားဝင် အစိုးရ ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံ အရေး ကို အလေးပေး ဆောင် ရွက် ရေးကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

 အီရန် သမ္မတ  မှ ဆီးရီးယား နိုင်ငံ ၏ ယူဖရေးတီး မြစ် ၏ အရှေ့ဘက် ဒေသများ တွင် အမေရိကန် ရှိနေခြင်းမှာ မည်သည့် အခြေအနေ တွင် ဖြစ်စေ လက်ခံ နိုင်ဖွယ် မရှိ ကြောင်း အမေရိကန် စစ်တပ်အနေဖြင့် မည်သည့် အခြေအနေတွင် ဖြစ်စေ ဤဒေသမှ ထွက်သွားရမည် ဖြစ် ကြောင်း ဆီးရီးယား ၏ နယ်ပယ်အားလုံး တွင် လက်ရှိဆီးရီးယား အစိုးရ၏  ချုပ်ကိုင် မှုတွင် ရှိကြောင်းကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

သမ္မတ ဟဇရသ်ဒေါက်တာ အာယာသွလ္လာဟ် ဆရက်ဒ် အီဗရာဟီးမ် ရအီစီမှ Astana ထိပ်သီး အစည်းအဝေး ပွဲတွင် ပါဝင်တိုက်ရောက်သူများ အကြမ်းဖက်မှုကို တိုက်ဖျက်ရေး နှင့် ယင်းကိစ္စ တွင် နိုင်ငံများ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်မှု ကို သဘောတူညီခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင် ကလည်း Astana ထိပ်သီး အစည်းအဝေး ပွဲအား ဆီးရီးယား နိုင်ငံ ပြဿနာ ကို ဖြေရှင်းရန် အလွန် အသုံးဝင် ပြီး ထိရောက်မှုရှိကြောင်း ကို ပြောကြားခဲ့ပါတယ်။ အစည်းအဝေး  အပိတ်ကြေငြာချက်ကို ရည်ညွှန်း ပြီး ပူတင် မှ  အီရန် ၊ ရုရှား ၊ တူရကီ သုံး နိုင်ငံ စလုံးအား  ဆီးရီးယား နိုင်ငံ ၏ အခြေအနေ အား ပုံမှန် ပြန် ဖြစ်လာအောင် အခိုင်အမာ ပူးပေါင်း ကူညီ ရေး  ဆောင်ရွက်ရေး ကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။ ပြီးနောက် ဆီးရီးယား နိုင်ငံ ၏ အကျပ် အတည်း ကို ဖြေရှင်းရန် နိုင်ငံရေး လမ်းသာ ဖြစ်ကြောင်း ကို လူတိုင်း သဘောတူကြောင်း ပူတင် မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင် မှ ဆက်လက်ပြီး အဆိုပါ ရည်ရွယ်ချက် အတွက် အီရန် ၊ တူရကီ မဟာမိတ် နိုင်ငံများ အပါ အဝင် ဆီးရီးယား ရေးရာ ကုလသမဂ္ဂ အထူးသံတမန် နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပြီး ယင်းကော်မတီ ၏ ဆုံးဖြတ်ချက် ကို အကောင်အထည် ဖော်ရန် ကတိပြုထားကြောင်း ပြောကြားခဲ့ပါတယ်။
ပူးတွဲသတင်းစာ ရှင်းလင်းပွံ အတွင်း တူရကီ သမ္မတ ရာဂျဗ် သွာရစ်ဗ် အူရ်ဒူဂန်  မှ Astana ထိပ်သီး အစည်းအဝေး ပွဲ တွင် တက်ရောက်သူများ အကြား ဆက်လက် ပူးပေါင်းဆောင်ရွက် မှုကို အလေးပေး ပြောကြား ခဲ့ပြီး ဒေသ အတွင်း အနာဂတ် တွင် ခွဲထက်ရေးသမားများ နှင့် အကြမ်းဖက် သမားများ အတွက် နေရာမရှိဟု ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251