အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ကြာသပတေးနေ့

၁ စက်တင်ဘာ ၂၀၂၂

၁၉:၃၉:၀၆
1302527

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ်များ ချမှတ်

မန္တလေးမြို့မှာ ချီတက်ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်နေတဲ့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးအား အကြမ်းဖက်စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တွေ အသီးသီး မတရားချမှတ်ထားတယ်လို့ သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မန္တလေးမြို့မှာ ချီတက်ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်နေတဲ့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ၄ ဦးအား အကြမ်းဖက်စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တွေ အသီးသီး မတရားချမှတ်ထားတယ်လို့ သိရပါတယ်။

မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ကိုကျော်သီဟစိုးကို အကြမ်းဖက်စစ်အုပ်စုက သြဂုတ် ၃၁ ရက်က ထောင်တွင်းတရားရုံးမှာ ရုံးထုတ်ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

ကိုကျော်သီဟစိုးဟာ ၂၀၂၁ ခုနှစ် ဩဂုတ် ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၂ (ခ)၊ ပုဒ်မ ၅၀၅ ကတို့နဲ့ တရားစွဲဆိုခံခဲ့ရကာ ပုဒ်မ - ၅၂ (ခ) အတွက် ထောင်ဒဏ် ၇ နှစ် နဲ့  ပုဒ်မ ၅၀၅ - က အတွက် ထောင်ဒဏ် ၃ နှစ်တို့ကို သီးခြားကျခံရမှာဖြစ်ပါတယ်။

ကိုကျော်သီဟစိုးဟာ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်အပြင် နောက်ထပ် ပုဒ်မ ၅၀၅ - က အတွက်လည်း ထပ်မံရင်ဆိုင်ရဦးမယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များဖြစ်ကြတဲ့ ကိုဟိန်းမင်းဇော်၊ ကိုကျော်စိုးမိုးနဲ့ မဂျာဆိုင်းအောင် တို့ကိုလည်း စက်တင်ဘာ ၁ ရက်က ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ် ၃ နှစ်စီ မတရား အမိန့်ချခံထားရပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်တွေကို မတရားတဲ့ အမိန့်တွေနဲ့ ထောင်ဒဏ်ချမှတ်မှုအပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံနိုင်ငံရေး အကျဥ်းသားသူရဲကောင်းတွေနဲ့ အကျဉ်းချခံ ဓမ္မဘက်တော်သားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကိုလည်း မန္တလေးသပိတ်အင်အားစုက တောင်းဆိုထားပါတယ်။

****************************************************************
END / 251