အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ကြာသပတေးနေ့

၈ စက်တင်ဘာ ၂၀၂၂

၂၁:၃၃:၂၁
1304746

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် ပူတင်ကို ကမ္ဘာ့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူအဖြစ် စစ်ခေါင်းဆောင်ချီးကျူး

ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ဟာ ရုရှားကို ကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ဟာ ရုရှားကို ကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးကျူးပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှားက ဦးဆောင်ကျင်းပတဲ့ Eastern Economic Forum တက်ရောက်ဖို့ ရုရှားနိုင်ငံကို ရောက်နေတာပါ။ မနေ့က သမ္မတပူတင်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

ပူတင်က မြန်မာဟာ အရှေ့တောင်အာရှမှာ ရုရှားရဲ့ စိတ်ချရတဲ့ မိတ်ဖက်အဖြစ် အရင်ကတည်းက ရှိခဲ့တာဖြစ်ပြီး ဆက်ဆံရေးကလည်း အပြုသဘောဆောင်ကာ တိုးတက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားကို အကြိမ်ကြိမ် လာခဲ့ပေမယ့် အရင်က ပူတင်နဲ့ တွေ့ခွင့် မရခဲ့ပါဘူး။

မနေ့ကတွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်က ပူတင်အတွက် ဂုဏ်ယူကြောင်း၊ ပူတင်အာဏာရလာပြီးနောက်ပိုင်း ရုရှားဟာ ကမ္ဘာ့နံပါတ် ၁ ဖြစ်လာပြီး ပူတင်ကလည်း ရုရှားခေါင်းဆောင်သာမဟုတ်ဘဲ ကမ္ဘာ့ခေါင်းဆောင်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒါအပြင် ပူတင်ဟာ ကမ္ဘာတစ်၀ှမ်း တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဆောင်ရွက်ပေးသူ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအတွက် ရုရှားဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဖယ်ကျဥ်မှုကို ခံနေရပြီး မြန်မာစစ်ခေါင်းဆောင်ကလည်း အာဏာသိမ်းမှုအတွက် ပူတင်လိုအခြေအနေမျိုး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ပူတင်နဲ့ စစ်ခေါင်းဆောင်တို့ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေးနဲ့ ကမ္ဘာ့အရေးကိစ္စတွေကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ မြန်မာအာဏာသိမ်းစစ်ကောင်စီဖက်က ထုတ်ပြန်ပါတယ်။

****************************************************************
END / 251