အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ စက်တင်ဘာ ၂၀၂၂

၁၅:၀၆:၄၂
1304956

လက်ဘနွန်တွင် ISIS အဖွဲ့ဝင် ၈ ဦး အားဖမ်းဆီးခဲ့

လက်ဘနွန် နိုင်ငံ သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒါအေရှ် (ခ) ISIS အဖွဲ့ဝင် ၈ ဦး အား ဖမ်းဆီး ရခဲ့ကြောင်း ဖော်ပြထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟရ်သတင်းဌာန၏ မှ လက်ဘနွန် နိုင်ငံ သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်အရ လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်တင်အမေရိက တွင် လှုပ်ရှားနေသည့် ဒါအေရှ် (ခ) ISIS အဖွဲ့ဝင် ၈ ဦး အား ဖမ်းဆီး ရခဲ့ကြောင်း ဖော်ပြထားပါတယ်။
သတင်းအထောက်အထားအရ လက်ဘနွန် နိုင်ငံ အနောက်တောင်ပိုင်းဒေသတွင် တရားဥပဒေ စိုးမိုးအဖွဲ့များ ၏ စစ်ဆင်ရေး များစွာ ပြုလုပ်ပြီးနောက်  အကြမ်းဖက်သမား များ ကို ဖမ်းဆီးခဲ့ ကြောင်း သိရှိခဲ့ရပါတယ်။
လက်ဘနွန် လုံခြုံရေး အဖွဲ့ဝင် တစ်ဦး၏ တင်ပြချက်အရ ဒါအေရှ် (ခ) ISIS အဖွဲ့ ဝင်  ၈ဦး တွင် ၃ ဦးမှာ  ဒါအေရှ် (ခ) ISIS    အဖွဲ့ဝင် အစစ်များ ဖြစ်ကြပြီး လက်ဘနွန် နိုင်ငံ နေရာအနှံ့ ရှိ လက်ဘနွန်စစ်တပ်စခန်းများ နှင့် အခြား နေရာများ တိုက်ခိုက်ရန် စီစဉ်နေသူများ ဖြစ်ကြောင်း ကျန် ၅ ဦးမှ ၎င်းတို့ စုဆောင်းထားသည့် သူများ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သတင်းအထောက်အထားများအရ  အကြမ်းဖက်သမား ဒါအေရှ် (ခ) ISIS အများစု မှ လက်ဘနွန်နိုင်ငံသားများ ဖြစ်ကြပြီး၎င်းတို့အနက်မှ ၁ဦးမှာ လက်တင်အမေရိက တွင် ရွှေ့ ပြောင်းနေထိုင်သူ ဖြစ်ပါတယ်။
သတင်းတင်ပြချက်အရ လက်တင်အမေရိက အခြေစိုက်  ဒါအေရှ် (ခ) ISIS အကြမ်းဖက အဖွဲ့ဝင်ဖြစ်သူသည် လက်ဘနွန် ရှိ သူငယ်ချင်း တစ်ဦးအား လူမှုမီဒီယာ ပလက်ဖောင်း များမှတစ်ခု ဖြစ်သည့် Telegram မှ တဆင့်ဆက်သွယ်ပြီး နောက်ပိုင်းတွင် လက်ဘနွန် စစ်တပ်နှင့် အခြား အဖွဲ့အစည်းများကို တိုက်ခိုက်ရန် အဖွဲ့ တစ်ဖွဲ့ ၊ဖွဲ့စည်းရန်တောင်းဆိုခဲ့ကြောင်း သိခဲ့ရပါတယ်။
အသေးစိတ်အချက်အလက်များ အရ လက်ဘနွန် ရှိစစ်စခန်းများ၏ ဝေဟင်ဓာတ်ပုံများ ကို ဤ ဒါအေရှ် (ခ) ISIS အဖွဲ့ ထံမှ ရရှိခဲ့ပြီး ၎င်းတို့သည် လိုအပ်သည့် လေ့ကျင့်မှုများကို ပြုထားသူများ  ဖြစ်ကြောင်း လက်ဘနွန် နိုင်ငံ အတွင်း ဖောက်ခွဲရေးများကို ပြုလုပ်ရန် စီစဉ်နေသူများဖြစ်ကြောင်း လက်ဘနွန် စစ်တပ် မှ သတင်းအချိန်အလက်များကို စုဆောင်းပြီး ၎င်း ဒါအေရှ် (ခ) ISIS အဖွဲ့ ၈ ဦးအား ဖမ်းခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

****************************************************************
END / 251