အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္ဂနွေနေ့

၁၁ စက်တင်ဘာ ၂၀၂၂

၁၉:၂၇:၀၇
1305137

ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စကစတပ်ဖွဲ့ဝင် ၆ ဦးကို လက်ရဖမ်းမိကြောင်း ကရင်လွတ်မြောက်ရေးတပ်မတော်ထုတ်ပြန်

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် စစ်သားခြောက်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက်တွင် ဖမ်းဆီးရမိကြောင်း ကရင်လွတ်မြောက်ရေးတပ်မတော်ဘက်က ထုတ်ပြန်ချက်အရသိရသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် စစ်သားခြောက်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက်တွင် ဖမ်းဆီးရမိကြောင်း ကရင်လွတ်မြောက်ရေးတပ်မတော်ဘက်က ထုတ်ပြန်ချက်အရသိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၁၀၂) မှ ဗိုလ်ကြီးရဲရင့်မောင်ဦးစီးသော စစ်သားခြောက်ဦးနှင့်အတူ MA-3 နှစ်လက်၊ MA-1 တစ်လက်၊ MA-2 တစ်လက်၊ MA-4 တစ်လက်၊ MA-5 တစ်လက်၊ ကျည်ဘောက် ၁၇ ခု၊ ကျည်ဘောက်အဝိုင်းတစ်ချပ်၊ လက်ပစ်ဗုံးနှစ်လုံး၊ BSA-1 စကုတ်တစ်ခု၊ ၅.၅၆ ကပစကျည် ၆၀၀ တောင့်၊ ၄၀ မမဗုံးသီး ၂၀၀ လုံး၊ ၆၀ မမ ဗုံးသီး ၂၀၀ လုံး၊ ရိက္ခာခြောက် ခေါက်ဆွဲအိတ် ၁၂ အိတ်တို့ကို ကရင်လွတ်မြောက်ရေးတပ်မတော်တပ်ရင်း (၂၇) နှင့် ကော်ဘရာစစ်ကြေင်းက သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

နံနက် ၁၀ နာရီခွဲခန့်တွင် လူခို့အနီး အဖမ်းခံရသော စစ်ကောင်စီတပ်သည် မြဝတီ-ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်ဝင်ရောက်လာသူများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

" ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား ဂျီနီဗာကွန်ဗန်းရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသေ စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

****************************************************************
END / 251