အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၃ စက်တင်ဘာ ၂၀၂၂

၂၀:၃၇:၀၆
1305542

အီရတ်နိုင်ငံရှိ ရဲဟ်ဗရ် ကိုယ်စားလှယ်တော် မှ အီရတ် နိုင်ငံ၏ စတုဒိသာ တဲများပိုင်ရှင်များ ကို လေးစား ၊ ကျေးဇူး တင်ကြောင်း ပြောကြား

အီရတ်နိုင်ငံ ရှိ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ၏ ကိုယ်စားလှယ်တောဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် မွတ်ဂျ်သဗါဟိုစိန်နီ မှ အီရတ် နိုင်ငံ၏ စတုဒိသာ တဲပိုင်ရှင်များအား မိမိတို့ ပစ္စည်းများ ကို အေမာမ်ဟိုစိန် (အ.စ) အတွက် လှူဒါန်းပေးမှု အတွက် လေးစား ကျေးဇူးတင်ကြောင်း နှင့် အရ်ဗအီးန် ခြေလျင် ဇေယာရသ် ခရီးသည် ခေတ်ကာလ၏ မအ်ဂျေဇဟ် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ်နိုင်ငံ ရှိ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ၏ ကိုယ်စားလှယ်တောဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် မွတ်ဂျ်သဗါဟိုစိန်နီ မှ အီရတ် နိုင်ငံ၏ စတုဒိသာ တဲပိုင်ရှင်များအား မိမိတို့ ပစ္စည်းများ ကို အေမာမ်ဟိုစိန် (အ.စ) အတွက် လှူဒါန်းပေးမှု အတွက် လေးစား ၊ ကျေးဇူးတင်ကြောင်း ဗီဒီယို မက်ဆေ့ချ် တွင် မိမိ ကိုယ်တိုင် နှင့် ရဲဗရ် ကိုယ်စား ပြောကြား ခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆရက်ဒ် မွတ်ဂျ်သဗါဟိုစိန်နီ မှဆက်လက်ပြီး အေမာမ်ဟိုစိန် (အ.စ) ၏လမ်းစဉ်သည် မွတ်စလင်မ်များ စည်းလုံး ညီညွတ်ရေး အတွက် သင်္ကေတ ဖြစ်ကြာင်း ၊ အရ်ဗအီးန် ခြေလျင်ဇေယာရသ်ခရီးစဉ်တွင် နိုင်ငံအသီးသီး  မဇ်ဟဗ် အဖုံဖုံ နှင့်ဘာသာအစုံစုံမှ ပါဝင်ကြကြောင်း ဤကဲ့သို့အားလုံး ပါဝင်ခြင်းဖြင့် အစ္စလာမ်ဘာသာဝင်များ စည်းလုံး ညီညွတ်မှု နှင့် လူသားများ၏ စည်းလုံး ညီညွတ် မှုကို လမ်းပြနေကြောင်း ပြောကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် မှ ဆက်လက်ပြီး အရ်ဗအီးန် ခြေလျင်ဇေယာရသ် ခရီး အား ခေတ်ကာလ ၏ မိုအ်ဂျေဇဟ် ဖြစ်ကြောင်း အရ်ဗအီးန် ခြေလျင်ဇေယာရသ်ခရီးစဉ်သည်ဂုဏ်သိက္ခာ ၊ စေတနာ ၊ ရက်ရောမှု နှင့် ညီရင်းအစ်ကိုဖြစ်ကြောင်းပြသသည့် သင်္ကေတ တစ်ခုဖြစ်ကြောင်း ပမာမရှိ ၊ နှိုင်းစရာသည်ကို ကျွန်ုပ်တို့မြင်စိဖြင့် မြင်တွေ့ နိုင်ကြောင်းအရ်ဗအီးန် ခြေလျင်ဇေယာရသ် ခရီးစဉ်သည် အဲဟ်လေ့ဘိုက် (သ) (အ.စ) အား နှစ်သိမ့်မှု ၊ ကူညီမှုတစ်ခု ဖြစ်ပြီးပါဝင်သူများ အတွက် နာမ်ပိုင်ဆိုင်ရာ ရလာဒ်များကို ရရှိမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
ရဲဟ်ဗရ်၏ ကိုယ်စားလှယ်တော် မှ ဆက်လက်ပြီး အရ်ဗအီးန် ခြေလျင်ဇေယာရသ် ခရီးစဉ်သည် ဟဇရသ် ဇိုင်နပ် (စ.အ) ၊ အေမာမ် စဂျာဒ် (အ.စ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) တို့၏ လမ်းစဉ် ဖြစ်ကြောင်း ဤလမ်းစဉ်သည် သိက္ခာရှိသည့်လမ်းစဉ် ၊ အစ္စလာမ့်ဂုဏ်သိက္ခာ နှင့် လမ်းလွဲ လမ်းမှားသူများ နှင့်သစ္စာဖောက်သူများ အလွဲသုံးစားပြုသူများကို ဆန့်ကျင် ကြောင်းကို ကြေညာ သည်မည်ကြောင်း ကို ပြောကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆရက်ဒ် မွတ်ဂျ်သဗါဟိုစိန်နီ မှ ထပ်၍ အေမာမ်ဟိုစိန် (အ.စ) ၏ လှုပ်ရှားမှုသည် အဆုံး မသတ်မည့် လှုပ်ရှားမှု ဖြစ်ကြောင်း ကျွန်ုပ်တို့အနေဖြင့် ဇိုင်နပ်သခင်မကြီး၏ စစ်သား အဖြစ် ၊အေမာမ် စဂျာဒ် (အ.စ) ၏တပ်သားအဖြစ် ဤလမ်းစဉ် တွင်လှုပ်ရှား နေရာယူပြီး မိမိတိုင်ပန်းတိုင်ဖြစ်သင့်ကြောင်း ၊ ကျွန်ုပ်၏ လမ်းကြောင်းသည် သဝလီ ( အဲဟ်လေ့ဘိုက် (သ) (အ.စ)ကိုအချစ်ထားခြင်း ၊ သဗရီ (အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ရန်သူများကို မုန်းတီးခြင်း ) ဖြစ်ရန် အရေးကြီးလိုအပ်ကြောင်း ခေတ်ကာလ၏ယဇီးဒ် အာဏာရှင်များ အမေရိကန် နှင့် အစ္စလာမ် ဘာသာကို မကောင်း လိုလားသူများကို မုန်းတီးခြင်းသည်လည်း သဗရီ ဖြစ်ကြောင်း ၊ အလ္လာဟ်၏ အချစ်တော်များ နှင့် လာအေလာဟဟ်အေလစ်လ္လာဟ် နှင့်မိုဟမ္မဒ် ရစူလွလ္လာဟ် ဖတ်ရွတ်သူများ ၊ လူသားဂုဏ်သိက္ခာ ကို သိသူများ နှင့် လူသားဆန်သူများကို ချစ်ခြင်းသည် သဝလီ ဖြစ်ကြောင်း ဤအတွက်ကြောင့် ကျွန်ုပ်တို့၏ လျှောက်လှမ်း လှုပ်ရှား မှု သည် အေမာမ် ဟိုစိန် (အ.စ) ၊ဟဇရသ် ဇိုင်နပ် (စ.အ) ၊အေမာမ် စဂျာဒ် (အ.စ) တို့ လမ်းကြောင်းတွင် ရှိရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အာယာသွလ္လာဟ် ကြီးမှ အာရှုရာ တော်လှန်ရေး ၏ ရလာဒ်များ နှင့်ပတ်သက်ပြီး အေမာမ် စဂျာဒ် (အ.စ) နှင့် ဟဇရသ် ဇိုင်နပ်(စ.အ) တို့ သည် ရန်သူ၏အစီအစဉ် ကို ပြောင်းလဲ နိုင်ခဲ့ကြောင်း ကူဖာ မြို့သားများမှ အဟ်လေ့ဘိုက်(သ) (အ.စ) အပေါ် မိမိတို့ သစ္စာဖောက်ခဲ့မှုကို  အေမာမ် စဂျာဒ် (အ.စ) နှင့် ဟဇရသ် ဇိုင်နပ်(စ.အ) တို့ ၏ ကြိုးပမ်းမှုကြောင်း သိရှိသဘောပေါက် ခဲ့ကြကြောင်း ထိုအတွက် ရှက်ကြပြီး ၊နောင်တ ရခဲ့ကြ၊ ငိုခဲ့ ကြ ကြောင်း ဤကဲ့သို့ ဆီးရီး နိုင်ငံသားများ အတွက်လည်း ဖြစ်ခဲ့ကြောင်း ဆီးရီး နိုင်ငံသားများသည် အဲဟ်လေ့ဘိုက် (သ) (အ.စ) အား မသိရှိနားမလည် ခဲ့ကြကြောင်း အေမာမ် ဟိုစိန် (အ.စ) သည် (မအဇလ္လာဟ်) သာသနာမရှိသူတစ်ယောက်သည်ဟု ထင်ခဲ့ကြ ကြောင်း အေမာမ် အလီ (အ.စ) (မအဇလ္လာဟ်) နမာဇ် ဝတ်ပြုသူမဟုတ်ဟုထင်ခဲ့ကြကြောင်း အေမာမ်စဂျာဒ် (အ.စ) နှင့် ဟဇရသ် ဇိုင်နပ် (စ.အ) တို့၏ ကြိုးပမ်းမှုများ ၊ စတေးမှုများကြောင့် ဆီးရီးယား နိုင်ငံ ၏ အခြေအနေများ ပြောင်းလဲသွားပြီး ယဇီးဒ်  (လ.န) မတတ်နိုင်သည့် အဆုံး မိမိနန်းအတွင်း အေမာမ် ဟိုစိန် (အ.စ) ၏မဂျ်လစ် ကို ကျင်းပပေးလိုက်ရကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အေမာမ် ဟိုစိန် (အ.စ) နှင့် ကိုယ်တော်၏ သားတော်၊တူတော် များ (အ.စ) ၊ သစ္စာတော်  ရှင် သာဝကတော်များ (အ.စ) တို့ ၏ သွေး ပေးစတေးခဲ့မှုကြောင့် ကမ္ဘာ့ အနှံ့အပြား အစ္စလာမ် ရောက်ရှိ ခဲ့ကြောင်း အထူးသဖြင့် အေမာမ် ဟိုစိန် (အ.စ) အား ချစ်သည့် အချစ်ကြောင့် အရ်ဗအီးန် အချိန် အခါ တွင် လူထု၏နှလုံးသားသည် အီရတ် ၊ နဂျဖ်၊ကရ်ဗလာ ဘက်သို့ လှည့်၍ စိတ်ဝင်စားလာကြောင်း ၊ဟိုစိန်နီ ညာသံများ ထွက်ပေါ်လာကြောင်း နှင့် နောက်ဆုံးတွင် မိမိ ကိုယ်တိုင် နှင့် ရဲဟ်ဗရ်ကိုယ်စား အီရတ်ပြည်သူများ နှင့် စတုဒိသာတဲ ပိုင်ရှင်များကို အရ်ဗအီးန် ခြေလျင်ဇေယာရသ် ပြုလာသည့် ဧည့်သည်များကို ဧည့်ခံ ပေးသည့်အတွက် လေးစားဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251