အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
သောကြာနေ့

၁၆ စက်တင်ဘာ ၂၀၂၂

၁၆:၄၆:၀၁
1305944

အိန္ဒိယတွင် ဒါလစ်ဇာတ်နိမ့်ညီအမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရ

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်ဟင်ပူရ် ခရိုင်မှာ ဟိန္ဒူဇာတ်နိမ့် ညီအမနှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှူ ဖြစ်ပွားခဲ့ပြီး ရာဇ၀တ်ကောင်တွေအပေါ် အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ၀ေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်ဟင်ပူရ် ခရိုင်မှာ ဟိန္ဒူဇာတ်နိမ့် ညီအမနှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှူ ဖြစ်ပွားခဲ့ပြီး ရာဇ၀တ်ကောင်တွေအပေါ် အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ၀ေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

ညီအမနှစ်နှစ်ဦးရဲ့ အလောင်းတွေကို သစ်ပင်တစ်ပင်မှာ တွဲလောင်းချည်ထားတာကို ဗုဒ္ဓဟူးနေ့မှာ ရွာသားတွေက တွေခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အသတ်ခံရသူ ညီအစ်မနှစ်ဦးစလုံးဟာ အသက် ၁၈ နှစ်အောက်သာ ရှိပါသေးတယ်။

ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဒါလစ်ဇာနိမ့်တွေဟာ ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို ပိုမိုခံစားလာရပါတယ်။

၂၀၂၀ ခုနှစ်ကလည်း အူတာပရာဒက်ရှ်ပြည်နယ် ဟက်သရာခရိုင်မှာ အသက် ၁၉ နှစ်အရွယ် ဒါလစ်အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပြီး အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု မရှိတဲ့အတွက် နိုင်ငံတစ်၀ှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

အခုကိစ္စမှာ အသတ်ခံရသူတွေဟာ ကျူးလွန်သူတွေနဲ့ ရင်းနှီးတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ကျန်ရစ်တဲ့ မိသားစု၀င်တွေက ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မှားယွင်းပြီး ညီအစ်အမ နှစ်ဦးစလုံး ပြန်ပေးဆွဲ ခံခဲ့ရတာလို့ ပြောပါတယ်။

ကျူးလွန်သူတွေဟာ မိန်းကလေးငယ်နှစ်ယောက်ကို သကြားခင်းထဲ ခေါ်ဆောင်ကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး အလောင်းကို ကိုယ့်ကိုယ် ကြိုးစွဲချတဲ့ပုံစံ သစ်ပင်မှာ ချည်ထားခဲ့တာ ဖြစ်ပါတယ်။

****************************************************************
END / 251