အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
စနေနေ့

၁၇ စက်တင်ဘာ ၂၀၂၂

၂၀:၁၂:၅၀
1306090

ကုလအထွေထွေညီလာခံတွင် မလေးရှားက မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည်

လာမယ့်တစ်ပတ်မှာ စတင်မယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကာ မြန်မာပြည်သူတွေဖက်က ရည်တည်ကြောင်း မလေးရှားက ပြောကြားသွားဖို့ ရှိနေပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လာမယ့်တစ်ပတ်မှာ စတင်မယ့် ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကာ မြန်မာပြည်သူတွေဖက်က ရည်တည်ကြောင်း မလေးရှားက ပြောကြားသွားဖို့ ရှိနေပါတယ်။

အထွေထွေညီလာခံကို စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာပါ။ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ညီလာခံတက်ရောက်မယ့် မလေးရှားရဲ့ အစီအစဥ်ကို ဒီကနေ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

မလေးရှား၀န်ကြီးချုပ် အစ္စမာအီလ် ဆာဘရီ ယာကွဘ်ဟာ စက်တင်ဘာ ၂၃ ရက်နေ့ကျရင် မိန့်ခွန်းပြောမှာဖြစ်ပြီး ဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မလေးရှားရဲ့ အမြင်ကို ထည့်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၉ နေ့ရက်မှာ မလေးရှားကိုယ်စားလှယ်အဖွဲ့ဟာ NUG အစိုးရ တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဖို့လည်း ရှိနေပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးအကြီးအကဲနဲ့ အစည်းအ၀ေး၊ OIC ကိုယ်စားလှယ်တွေနဲ့ အစည်းအ၀ေး၊ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအ၀ေး အပါအ၀င် အထွေထွေညီလာခံနဲ့ ဆက်နွယ်နေတဲ့ ဆက်စပ်အစည်းအ၀ေးတွေမှာလည်း မြန်မာနိုင်ငံက ကိစ္စတွေအကြောင်း ဆွေးနွေးသွားမယ်လို့ ဆိုက်ဖူဒင်က ဆိုပါတယ်။

“မြန်မာပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေထံကနေ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတဲ့ နောက်ဆုံးရ အချက်အလက်တွေကို မလေးရှားက နားထောင်သွားမှာဖြစ်ပါတယ်။ အမြင်တွေ ဖလှယ်ပြီး၊ မလေးရှားက နောက်ထပ် ဘယ်လို ကူညီနိုင်မလဲဆိုတာကိုလည်း ဆွေးနွေးသွားမှာပါ”

၂၀၂၁ ခုနှစ် ဧပြီလက ရရှိခဲ့တဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်၊ အာဆီယံက ဦးဆောင်ပြီး မြန်မာနိုင်ငံကို ပေးအပ်နေတဲ့ အကူအညီတွေအကြောင်း အလေးအနက်အထား သုံးသပ်ဖို့ အာဆီယံအဖွဲ့ကို တိုက်တွန်းသွားမယ်လို့လည်း ဆိုက်ဖူဒင်က ထည့်သွင်း ရေးသားထားပါတယ်။

****************************************************************
END / 251