အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၉ စက်တင်ဘာ ၂၀၂၂

၁၈:၄၃:၂၁
1306425

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြည်တွင်ဖြစ် Fath 360 ဒုံးကျည် စနစ် သည် အမေရိကန်ထုတ်ကို ယှဉ်နိုင်

အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ၏ ပြည်တွင်းဖြစ် ဒုံးကျည်စနစ် Fath 360 ကို အခုရက်ပိုင်းအတွင်းမှာ စမ်းသပ်ခဲ့ပြီး၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ဒုံးကျည်စနစ်တစ်ခုကြောင်း စစ်ရေးကျွမ်းကျင်သူများ က အတည် ပြုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည့်သူ သမ္မတ နိုင်ငံ၏  ပြည်တွင်းဖြစ် ဒုံးကျည်စနစ် Fath 360 ကို အခုရက်ပိုင်းအတွင်းမှာ စမ်းသပ်ခဲ့ပြီး၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ဒုံးကျည်စနစ်တစ်ခုကြောင်း စစ်ရေးကျွမ်းကျင်သူများ က အတည် ပြုခဲ့ပါတယ်။

အီရန် နိုင်ငံအလယ်ပိုင်း အစ္စဖာဟန် ပြည်နယ် မှာ Eghtedar 1401 အမည် နှင့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် အနေဖြင့်  မကြာသေးခင်က ပြုလုပ်ခဲ့ပြီး အဲဒီမှာ Fath 360 ကို စမ်းသပ်ခဲ့ပြခဲ့တာဖြစ်ပါတယ်။

Fath 360 ဟာ မြေပြင်ကနေ မြေပြင်ပစ် တာတို ပဲ့ထိန်းဒုံးကျည်စနစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အသံထက် ၃ ဆမြန်တဲ့ အမြန်နှုန်းနဲ့ ဒုံးကျည်တွေကို ပစ်ခတ်နိုင်ပြီး ဂြိုဟ်တုဆက်သွယ်ရေးစနစ်နဲ့ ချိတ်ဆက်လိုက်ရင် ၄ ဆအထိ အမြန်နှုန်းရှိကြောင်း သိရှိရပါတယ်။

ကီလို ၁၅၀ ရှိတဲ့ ဒုံးကျည် ၄ လုံးကနေ ၆ လုံးအထိ တပ်ဆင်ပြီး အကွာအဝေး ၈၀ ကနေ ၁၀၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်ပါတယ်။

စစ်ရေးဆိုင်ရာ သုံးသပ်တဲ့ Global Security အဖွဲ့က အီရန် နိုင်ငံ ၏ Fath 360 ဒုံးကျည်စနစ်ဟာ ထုတ်ပြန်ချက်တွေအရ အမေရိကန်၏  HIMARS ဒုံးကျည်စနစ်ကို ကောင်းကောင်းယှဉ်နိုင်တယ်
ကြောင်း သိရှိရပါတယ်။

ဈေးနှုန်းပိုင်းမှာတော့ Fath 360 က ပိုပြီး ဈေးချိုပါတယ်။ ဒီဒုံးကျည်စနစ်ဟာ ပြီးခဲ့တဲ့နှစ်က အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) မှာ တပ်တော်ဝင်ခဲ့တာပါ။

Fath 360 ဟာ အရင်ရှိပြီးသား Fateh ဒုံးကျည်စနစ်ကို ချုံ့ထားတာဖြစ်ပြီး ပိုမိုပေါ့ပါး အစွမ်းထက်တယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေများ ၏ မတရား စီးပွားရေး  ပိတ်ဆို့မှုတွေ ရှိနေပေမယ့် အီရန်နိုင်ငံ ၏  ဒုံးကျည်စနစ် နှင့် ဒရုန်းနယ်ပယ်မှာ တိုးတက်မှု တော်တော်များများ ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြည်တွင်းဖြစ် ဒုံးကျည်စနစ်တွေ၊ ဒုံးခွင်းစနစ်တွေနဲ့ ဒရုန်းလေယာဉ်တွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ်ပြည်သူ့ နိုင်ငံသည် ရှီအဟ် အစိုးရအုပ်ချုပ်သည့် နိုင်ငံဖြစ်ပြီး မည်သည့် နိုင်ငံကိုလည်း ကျူးကျော် စော်ကားမှာ မဟုတ်သလို မိမိနိုင်ငံကို ကျူးကျော် စော်ကားလာမည့် မည်သည့်နိုင်ငံမဆိုကိုလည်း အလွတ်ပေးမည့် နိုင်ငံဖြစ်ကြောင်းတင်ပြအပ်ပါတယ်။


****************************************************************
END / 251