အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၈ စက်တင်ဘာ ၂၀၂၂

၂၀:၁၈:၄၆
1308904

မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားမှုအစီအစဥ် ဂျပန်ရပ်ဆိုင်းမည်

မြန်မာစစ်တပ်က တပ်ဖွဲ့၀င်တွေကို နောက်ထပ် လေ့ကျင့်သင်ကြားပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူ Takeshi Aoki က ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစစ်တပ်က တပ်ဖွဲ့၀င်တွေကို နောက်ထပ် လေ့ကျင့်သင်ကြားပေးတော့မှာ မဟုတ်ဘူးလို့ ဂျပန် ကာကွယ်ရေး၀န်ကြီးဌာန တာ၀န်ရှိသူ Takeshi Aoki က ပြောကြားလိုက်ပါတယ်။

လူထုအပေါ် ဖိနှိပ်အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်က အရာရှိ၊ စစ်သည်တွေကို အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက် လေ့ကျင့်သင်ကြားပေးမှုအတွက် ဂျပန်ကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ၀ေဖန်နေကြတာပါ။

ဂျပန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်လာတာဖြစ်ပြီး လက်ရှိမှာ အရာရှိ ၂ ဦးနဲ့ ဗိုလ်လောင်း ၉ ဦးကို လေ့ကျင့်သင်ကြားပေးနေပါတယ်။

“လက်ရှိလုပ်ဆောင်နေတဲ့ စစ်ဖက်ဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးလို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ Takeshi Aoki က ပြောပါတယ်။

ဇူလိုင်လအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တာက အခုလိုဆုံးဖြတ်ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဂျပန်က လေ့ကျင့်သင်ကြားပေးလိုက်တဲ့ စည်သည်အချို့ဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတို့အတွင်း စစ်တပ်က ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေမှာ ပါ၀င်ခဲ့တယ်လို့ Human Rights Watch နဲ့ Justice For Myanmar က မြေပြင်အချက်အလက်တွေကို ကိုးကားပြီး မေလမှာ ထုတ်ပြန်ခဲ့ပါတယ်။

****************************************************************
END / 251