အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup.com
စနေနေ့

၁၅ အောက်တိုဘာ ၂၀၂၂

၁၉:၀၄:၀၃
1313853

မွတ်စလင်နိုင်ငံအများစုက ကန့်ကွက်ခဲ့သည့် လူ့အခွင့်အရေးကောင်စီမှ ၀ီဂါအရေး ဆွေးနွေးမှု

တရုတ်နိုင်ငံ အနောက်ပိုင်းက ၀ီဂါလူမျိုးတွေ ညှင်းပမ်းခံရမှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပြီးခဲ့တဲ့တစ်ပတ်က ကုလလူ့အခွင့်အရေးကောင်စီမှာ မဲခွဲမှု ရှုံးနိမ့်သွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တရုတ်နိုင်ငံ အနောက်ပိုင်းက ၀ီဂါလူမျိုးတွေ ညှင်းပမ်းခံရမှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပြီးခဲ့တဲ့တစ်ပတ်က ကုလလူ့အခွင့်အရေးကောင်စီမှာ မဲခွဲမှု ရှုံးနိမ့်သွားခဲ့ပါတယ်။

တရုတ်အစိုးရက ဒါဟာ ‘အောင်ပွဲ’ တစ်ခုလို့ ပြောဆို သုံးနှုန်းခဲ့ပါတယ်။

၀ီဂါအရေးဆွေးနွေးဖို့ မဲခွဲရာမှာ ထောက်ခံမဲက ၁၇ မဲသာ ရှိခဲ့ပြီး၊ ကန့်ကွက်မဲ ၁၉ မဲ ရှိခဲ့တာပါ။ ကန့်ကွက်မဲအများစုကို မွတ်စလင်နိုင်ငံတွေက ပေးခဲ့တာဖြစ်ကာ အဲဒီအထဲမှာ အင်ဒိုနီးရှား၊ ဆိုမာလီယာ၊ ပါကစ္စတန်၊ ယူအေအီးနဲ့ ကာတာတို့ ပါ၀င်ပါတယ်။

မဲမပေးဘဲနေခဲ့တဲ့ ၁၁ နိုင်ငံထဲမှာလည်း မလေးရှားလို့ မွတ်စလင်နိုင်ငံတွေ ပါ၀င်ပါတယ်။

တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယင်က လူ့အခွင့်အရေးကောင်စီမှာ ၀ီဂါအရေး ဆွေးနွေးဖို့ မအောင်မြင်မှုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အောင်ပွဲ၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် အောင်ပွဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“လူ့အခွင့်အရေး ခေါင်းစဥ်တပ်ပြီး လိမ်ညာပြောဆိုတာ၊ အခြားနိုင်ငံတွေရဲ့ ပြည်တွေရေးကို ၀င်ရောက်စွက်ဖက်တာ၊ အခြားသူတွေကို ထိန်းချုပ်တာ၊ ဖိအားပေးတာ၊ အရှက်ရအောင်လုပ်တာမျိုးတွေ မဖြစ်သင့်ပါဘူး”

တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါနဲ့ အခြားလူမျိုးစုငယ် တစ်သန်းလောက်ကို အကျဥ်းစခန်းတွေထဲ ထည့်ပြီး လူမျိုး၊ ဘာသာနဲ့ ယဥ်ကျေးမှု အမှတ်သညာပျောက်အောင် ညှင်းပမ်းကာ တရုတ်ဇာတ်သွင်းနေတာ ဖြစ်ပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ၂၀၁၈ ခုနှစ်ကတည်းက စတင်က ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။

ပြီးခဲ့တဲ့လအနည်းငယ်က ရှင်ကျန်းက တရုတ်အာဏာပိုင်တွေရဲ့ လျှို့၀ှက်ညွှန်ကြားချက်တွေ ပေါက်ကြားလာခဲ့ပြီး ဒီစာရွက်စာတမ်းတွေဟာ ၀ီဂါတွေအပေါ် ညှင်းပမ်းမှုနဲ့ပတ်သက်တဲ့ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ ဖြစ်ခဲ့ပါတယ်။


****************************************************************
END / 251