အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္လာနေ့

၂၄ အောက်တိုဘာ ၂၀၂၂

၂၀:၁၂:၄၉
1316828

PDF Kalay တပ်ရင်း (၁၂) မှ ရဲဘော်များအတွက် ယူနီဖောင်းဝယ်ယူရေးရန်ပုံငွေရှာပွဲတွင် ကျပ်သိန်း ၁၀၀ ကျော်ရရှိ

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်(PDF Kalay) တပ်ရင်း(၁၂)မှ ရဲဘော်များအတွက် အကြမ်းခံပြီးပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်သော ယူနီဖောင်းများလှူဒါန်း ရန်အတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရန် ဈေးရောင်းပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ကလေးပြည်သူ့ကာကွယ်ရေးတပ်(PDF Kalay) တပ်ရင်း(၁၂)မှ ရဲဘော်များအတွက် အကြမ်းခံပြီးပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်သော ယူနီဖောင်းများလှူဒါန်း ရန်အတွက် ရန်ပုံငွေရှာဖွေပေးနိုင်ရန် ဈေးရောင်းပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေရှာဖွေပွဲကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ အရီဇိုနားပြည်နယ်ရှိ Ding Asia Mart တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မုန့်ဟင်းခါး၊ တို့ဟူးသုတ်၊ ကြေးအိုးဆီချက်၊ ရှမ်းခေါက်ဆွဲ၊ အကြော်စုံအစရှိသည့် မြန်မာအစားအစာမျိုးစုံရောင်းချပေးရာ အမေရိကန်ဒေါ်လာ ၃၀၄၀ (မြန်မာကျပ် ငွေ ၁၀,၆၄၀,၀၀၀ )ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကလေးမြို့နယ်အခြေစိုက် PDF Kalay တပ်ရင်း(၁၂) မှလက်နက်တိုက်တည်ဆောက်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက်များ ဝယ်ယူဖြည့်တင်းရန်ရည်ရွယ်၍ ကံစမ်းမဲအစီစဉ်တစ်ရပ်ကို အောက်တို ဘာလ ၁ ရက်နေ့မှစပြီး တစ်လတိတိကျင်းပနေကြောင်းလည်း သိရသည်။

PDF Kalay တပ်ရင်း (၁၂) မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ ကိုယ်တိုင်တီထွင်သော Drone ဖြင့် တိုက်ခိုက်ခဲ့ကာ ကလေးမြို့တွင် ပထမဦးဆုံး Drone ဖြင့် တိုက်ခိုက်ခဲ့သော တပ်ရင်းတစ်ခု ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း PDF Kalay တပ်ရင်း၊ တပ်ရင်း (၁၂) မှ အတတ် ပညာရှင်များပူးပေါင်းကာ တောင်ကျချောင်းရေမှရေသွယ်၍ လျှပ်စစ်ဓာတ်အား Watts ၂,၀၀၀ ခန့်ရှိ တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

****************************************************************
END / 251