အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၇ နိုဝင်ဘာ ၂၀၂၂

၂၃:၁၉:၀၈
1321154

ရှန်ဟိုင်း၌ အစုလိုက်အပြုံလိုက် ကိုဗစ်စစ်ဆေးရန် ညွှန်ကြားကာ အသွားအလာပိတ်ဆို့

တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ ရှန်ဟိုင်းတွင် မြို့လယ်ခေါင် ယန်ဖူခရိုင်ရှိ လူဦးရေ ၁ ဒသမ ၃ သန်းအား အောက်တိုဘာ ၂၈ ရက်က အစုလိုက်အပြုံလိုက် ကိုဗစ်စစ်ဆေးရန်နှင့် စမ်းသပ်မှုရလဒ်မထွက်မချင်း အိမ်၌နေကြရန် ညွှန်ကြားထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ ရှန်ဟိုင်းတွင် မြို့လယ်ခေါင် ယန်ဖူခရိုင်ရှိ လူဦးရေ ၁ ဒသမ ၃ သန်းအား အောက်တိုဘာ ၂၈ ရက်က အစုလိုက်အပြုံလိုက် ကိုဗစ်စစ်ဆေးရန်နှင့် စမ်းသပ်မှုရလဒ်မထွက်မချင်း အိမ်၌နေကြရန် ညွှန်ကြားထားသည်။

အရှေ့ဘက် ရှန်ဟိုင်းမှစ၍ အနောက်ဖျား တိဗက်အထိ နိုင်ငံတစ်ဝန်းတွင် တင်းကျပ်သော စီမံချက်များ ချမှတ်ထားပြီး အသွားအလာပိတ်ဆို့မှုကို ကန့်ကွက်သည့်ဆန္ဒပြပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။

ဒေသတွင်းမှ ထွက်ပေါ်လာသော ဖုန်းမှတ်တမ်းများ၌ တိဗက်လူမျိုးများနှင့် ဟန်တရုတ်လူမျိုးများပါသော လူအုပ်ကြီးသည် ၇၄ ကြာပြီဖြစ်သည့် အသွားအလာပိတ်ဆို့မှုကိုဆန့်ကျင်ကာ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။

လာဆာမြို့သည် သွေးထွက်သံယိုဖြစ်ခဲ့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုဖြစ်ပွားသည့်၂၀၀၈ ခုနှစ်ကတည်းက တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံထားရသည်။

တရုတ်နိုင်ငံသားများသည် တင်းကျပ်သော ကိုဗစ်တိုက်ဖျက်ရေးလုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးရန် မျှော်လင့်ခဲ့ကြပြီး ကျန်ကမ္ဘာ့နိုင်ငံများ၌ အသွားအလာများ ပြန်လည်ဖွင့်လှစ်သည့်တိုင် တရုတ်တွင် ကန့်သတ်ထားဆဲဖြစ်သည်။ တရုတ်နိုင်ငံ နယ်စပ်ဒေသများမှာလည်း ပိတ်ဆို့ထားဆဲဖြစ်ပြီး ဆိုက်ရောက် သူများကို သတ်မှတ်ထားသော နေရာများတွင် ၁၀ ရက်ကြာ သီးခြားခွဲထားသည်။

တရုတ်နိုင်ငံတွင် အောက်တိုဘာ ၂၈ ရက်က ကိုဗစ်အတည်ပြုလူနာ ၁ ၃၃၇ ဦးရှိပြီး အများ စုမှာရောဂါလက္ခမပြသလို သေဆုံးသူလည်းမရှိပေ။ရှန်ဟိုင်းတွင် ရောဂါလက္ခဏာမပြသည့် အတည်ပြုလူနာ ၁၁ ဦးတွေ့ကာ တိဗက်၌ ရောဂါလက္ခဏာပြသည့် အတည်ပြုလူနာ ၁ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၅ ဦးတွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ပထမဆုံးအကြိမ် ကပ်ရောဂါ ဖြစ်ပွား ကတည်းက အတည်ပြုလူနာ ၂၅၈ ၆၆၀ ဦးနှင့် သေဆုံးသူ ၅ ၂၂၆ ဦးရှိခဲ့သည်။

တရုတ်ပြည်တွင်းဖြစ်ကာကွယ်ဆေးများသည် ထိရောက်မှုမရှိဟု ယူဆထားကြပြီး Pfizer၊ Moderna၊ AstraZeneca နှင့် J&Jတို့မှ ထုတ်လုပ်သော ပြည်ပထုတ်ကာကွယ်ဆေးများကိုလည်း အတည်ပြုရန် ငြင်းဆိုခဲ့သည်။


****************************************************************
END / 251