အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
သောကြာနေ့

၁၁ နိုဝင်ဘာ ၂၀၂၂

၁၉:၂၅:၁၄
1322079

နန်းမားမြို့တွင် အမျိုးသမီး ၂ ဦးကို PDF ထောက်ပံ့သည်ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ဖမ်းဆီး

ကချင်ပြည်နယ်၊ နန်းမားမြို့မှာ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ဒေသခံ အမျိုးသမီးနှစ်ယောက်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကချင်ပြည်နယ်၊ နန်းမားမြို့မှာ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ဒေသခံ အမျိုးသမီးနှစ်ယောက်ကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလယ်တောရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးနှစ်ယောက်အား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြားက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ညနေ ၆ နာရီလောက် ကားတွေနဲ့ရောက်လာပြီး ဖမ်းသွားတာ။ အိမ်မှာပဲ အဖမ်းခံရတာ။ PDF ကို ထောက်ပံ့လို့ ဖမ်းတာဆိုပြီး ခေါ်သွားတယ်။ ခုချိန်ထိ ဘယ်ခေါ်သွားမှန်း မသိရသေးဘူး” လို့ ပြောပါတယ်။

အဖမ်းခံရသူနှစ်ယောက်ဟာ အလယ်တောရပ်ကွက်မှာနေထိုင်တဲ့ မညိုလေးနဲ့ မယဉ်ယဉ်တင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ဦးသန်းစိုး (ခ) ဘကြီးမှုံရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ပြီး PDF ထောက်ခံတဲ့နေအိမ်လို့ဆိုကာ ဘူဒိုဇာနဲ့ ဖြိုချ ဖျက်ဆီးခဲ့ပြီးနောက် သူ့ရဲ့သား အပါအဝင် ဒေသခံသုံးယောက်ကို ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နန်းမားမြို့နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းက ဒေါ်ခင်မာလင်း၊ ပရဟိတလုပ်ငန်းလုပ်ကိုင်တဲ့ ကိုအောင်ဌေးဦး အပါအဝင် ဒေသခံပြည်သူ ၁၃ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။

****************************************************************
END / 251