အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
သောကြာနေ့

၁၁ နိုဝင်ဘာ ၂၀၂၂

၁၉:၅၁:၂၇
1322122

ရုရှားအား ဖိအားပေးရန် တရုတ်သမ္မတကို ဂျာမနီဝန်ကြီးချုပ် တိုက်တွန်း

တရုတ်ခေါင်းဆောင်က ရုရှားနှင့် ယူကရိန်း ဆွေးနွေးပွဲပြုလုပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး နျူကလီးယား ပဋိပက္ခကို တားဆီးရန် သတိပေးနေချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် နိုဝင်ဘာ ၅ရက်က ပေကျင်းမြို့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဖ်က ရုရှားအပေါ် သြဇာလွှမ်းမိုးဖိအားပေးရန် တရုတ်ကို တိုက်တွန်းလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တရုတ်ခေါင်းဆောင်က ရုရှားနှင့် ယူကရိန်း ဆွေးနွေးပွဲပြုလုပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး နျူကလီးယား ပဋိပက္ခကို တားဆီးရန် သတိပေးနေချိန်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့် နိုဝင်ဘာ ၅ရက်က ပေကျင်းမြို့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဖ်က ရုရှားအပေါ် သြဇာလွှမ်းမိုးဖိအားပေးရန် တရုတ်ကို တိုက်တွန်းလိုက်သည်။

စီးပွားရေးအရ ဆက်ဆံမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်နေသလို သွားရောက်သည့်အချိန်ကာလအပေါ် အငြင်းပွားစရာများ ဖြစ်နေပြီး ရုရှားကို တရုတ်က တိတ်တဆိတ် ထောက်ခံအားပေးမှုကြောင့် ရှိုးဖ်၏ တရုတ်သို့ တစ်ရက်ကြာခရီးစဉ်က ဝေဖန်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ရှီသည် အောက်တိုဘာလက ကျင်းပသော ကွန်မြူနစ်ပါတီညီလာခံတွင် ၎င်း၏ အာဏာရှင်အုပ်စိုးမှုကို ပိုမို ခိုင်မြဲစေကာ ရုရှားအား ဝေဖန်ရန် ဆက်လက်ငြင်းဆန်နေချိန်တွင် ယင်းကိစ္စသည်လည်းဖြစ်ပေါ်လျက်ရှိသည်။

****************************************************************
END / 251