အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၈ နိုဝင်ဘာ ၂၀၂၂

၁၀:၅၈:၀၆
1324166

ဖိလစ်ပိုင် နိုင်ငံ တွင် "National Hijab Day" ကျင်းပ ရန် သဘောတူ

ဖိလစ်ပိုင် နိုင်ငံ အောက်လွှတ်တော်က နှစ်စဥ် နှစ်တိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ကို အမျိုးသား Hijab နေ့အဖြစ် ကြေငြာခဲ့ပြီး ဖိလစ်ပိုင်အမျိုးသား မွတ်စလင်ကော်မရှင်ကို ဟေဂျာဗ် နှင့် ပတ်သက်သည့် အသိပညာပေးမြှင့်တင်ရန် ဗဟိုအေဂျင်စီအဖြစ် သတ်မှတ်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iqna သတင်းဌာန ၏ သတင်း အစီရင်ခံစာ အရ ဖိလစ်ပိုင် အောက်လွှတ်တော်သည် နှစ်စဉ် နှစ်တိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ကို မွတ်စလင် များ၏ အမျိုးသား ဟေဂျာဗ် နေ့အဖြစ် သတ်မှတ်ကြေညာရန် ဆုံးဖြတ်ခဲ့ပါတယ်။ အဆိုပါ ဥပဒေကြမ်းအား ထောက်ခံမဲ ၂၇၄ မဲဖြင့် အောက်လွှတ်တော် ဥပဒေကြမ်း အမှတ် ၅၆၉၃ သို့မဟုတ် အမျိုးသား ဟေဂျာဗ် နေ့ ဥပဒေကြမ်းကို အမတ်များက အတည်ပြုခဲ့ ခြင်းဖြစ်ပါတယ်။

 

အဆိုပါ လှုပ်ရှားမှုကို ထောက်ခံသည့် ကိုယ်စားလှယ်များသည် အမျိုးသမီးများအား ဟေဂျာဗ် ဝတ်ဆင်ခြင်း နှင့်ပတ်သက်ပြီး ရှင်းပြရန်၊ ဟေဂျာဗ် ဆိုသည့် ယဉ်ကျေးမှုကို လိုက်စားသူများအပေါ် ခွဲခြားဆက်ဆံခြင်းမှ ကာကွယ်ရန်နှင့် ဟေဂျာဗ်နှင့်ပတ်သက်ပြီး နားလည်မှုလွဲမှားမှုများကို ဖယ်ရှားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

 

ဥပဒေကြမ်း၏ ရှင်းလင်းချက် မှတ်စုတွင် ဖော်ပြသည်- ဘာသာရေး ဓလေ့ထုံးတမ်းများ ကျင့်သုံးခြင်းနှင့် ခွဲခြားခြင်း သို့မဟုတ် နှစ်ခြိုက်ခြင်းမရှိဘဲ ဘာသာရေးလွတ်လပ်ခွင့်ကို ထာဝစဉ် ခွင့်ပြုထားပါတယ်။ အဆိုပါဥပဒေမူကြမ်းအရ ဟေဂျာဗ် ဝတ်သူများ၏အခွင့်အရေးနှင့် ဟေဂျာဗ် ဝတ်ဆင်သည့် မွတ်စလင်မ်တို့၏ ဘာသာရေးအမိန့် ကို မီးမောင်းထိုးပြရန်အတွက် ဖေဖော်ဝါရီ ၁ ရက်တွင် အမျိုးသား ဟေဂျာဗ် နေ့ကို ကျင်းပသင့် ကြောင်း ဖော်ပြထားပါတယ်။

 

ကမ္ဘာ့ ဟေဂျာဗ် နေ့ကို နိုင်ငံပေါင်း ၂၇၆ နိုင်ငံမှာ နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကို ကျင်းပပါတယ်။

 

9/11 ပြီးနောက် အစ္စလာမ်မုန်းတီးရေး တုံ့ပြန်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် မွတ်စလင် အမျိုးသမီး Nazma Khan က အဆိုပါနေ့ကို အဆိုပြုခဲ့ခြင်းဖြစ် ပါတယ်။

 

"ကမ္ဘာ့ ဟေဂျာဗ် နေ့" တွင် ဘာသာအသီးသီးမှ မွတ်စလင်မဟုတ်သော အမျိုးသမီးများသည် တစ်ရက်တာ ဟေဂျာဗ် ဖြင့် ဖြတ်သန်းကြပြီး ဟေဂျာဗ် နှင့်ပတ်သက် သော အတွေ့အကြုံ များကို မျှဝေကြပါ တယ်။


****************************************************************

END / 251