အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၉ နိုဝင်ဘာ ၂၀၂၂

၂၂:၁၈:၅၉
1324739

မြန်မာနိုင်ငံ၌ လူနည်းစု အခွင့်အရေးကို ကာကွယ်ရန် ကုလသမဂ္ဂ တောင်းဆို

မြန်မာစစ်အာဏာသိမ်းအုပ်စုအနေဖြင့် နိုင်ငံတကာ ဥပဒေအား ချိုးဖောက်နေခြင်းကို ချက်ချင်း ရပ်တန့်ရန်နှင့် ရိုဟင်ဂျာနှင့် အခြား လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတွင်းက လူအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်ရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက်၌ တောင်းဆိုထားသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာစစ်အာဏာသိမ်းအုပ်စုအနေဖြင့် နိုင်ငံတကာ ဥပဒေအား ချိုးဖောက်နေခြင်းကို ချက်ချင်း ရပ်တန့်ရန်နှင့် ရိုဟင်ဂျာနှင့် အခြား လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတွင်းက လူအားလုံး၏ လူ့အခွင့်အရေးကို ကာကွယ်ရန် ကုလသမဂ္ဂ ဆုံးဖြတ်ချက်၌ တောင်းဆိုထားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီသည် မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁၆ ရက်က ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြား လူနည်းစုများ ခံစားရသည့် မြန်မာလုံခြုံရေးတပ်များနှင့် စစ်တပ်က ကျူးလွန်သော နိုင်ငံတကာဥပဒေအောက်တွင် စိုးရိမ်ဖွယ် ရာဇဝတ်မှုမြောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အလွဲသုံးစားမှုများ၏ သက်သေများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်၏ တွေ့ရှိချက်များကိုလည်း ယခု ဆုံးဖြတ်ချက်တွင် သတိပေးဖော်ပြသည်။

မြန်မာလုံခြုံရေးတပ်များနှင့် လက်နက်ကိုင်တပ်များ၏ အင်အားအလွန်အကျွံ သုံးစွဲခြင်း၊ အရပ်သားများအား အတင်းအကျပ် ရွှေ့ပြောင်းစေခင်း၊ ကလေးသူငယ်များအား စစ်မှုထမ်း စုဆောင်းခြင်း၊ အဓမ္မ ခေါ်ဆောင်ခြင်း၊ ထင်ရာစိုင်း ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများနှင့် စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဝတ်ပြုနေရာများအပြင် အရပ်သားများ စုရုံးနေရာများကို တိုက်ခိုက်ခြင်းများအတွက်လည်း အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ယခု ဆုံးဖြတ်ချက် ထပ်လောင်းဆိုထားသည်။

“ရင်းမြစ်ကို ကောင်းစွာ မဖြေရှင်းနိုင်ရင် ရိုဟင်ဂျာတွေအပါအဝင် မြန်မာနိုင်ငံက အရပ်သား အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အားထုတ်မှု မှန်သမျှဟာ အချည်းနှီး ဖြစ်မှာပဲ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအားလုံးရဲ့ အဓိကတရားခံ မြန်မာစစ်တပ်ကို ဖြစ်နိုင်သမျှ တာဝန်ခံစေရမှာ ဖြစ်တယ်”ဟု ဆုံးဖြတ်ချက်ကို တုံ့ပြန်ပြီး မြန်မာကိုယ်စားလှယ်က ပြောသည်။

ယခု ဆုံးဖြတ်ချက်အား အတည်ပြုခြင်းအတွက် ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်ကလည်း ကြိုဆိုပြီး ပဋိပက္ခ၏ ရင်းမြစ်ကို ဖြေရှင်းရမည်ဖြစ်ကာ ဒေသတွင်းနိုင်ငံများ ထဲထဲဝင်ဝင် ပါဝင်ပြီး ဒေသတွင်း ပဋိပက္ခ မဖြစ်ပွားအောင် ရှောင်လွှဲနိုင်ရေး လိုအပ်ကြောင်း ပြောဆိုသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ၌ စစ်တပ်၏ ဖြိုခွင်းမှုများအတွင်း ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်ထက်မနည်းသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြရသည်။

(မိုးသဲ ဘာသာပြန်သည်။)

****************************************************************
END / 251