၁၉ အောက်တိုဘာ ၂၀၂၅ - ၁၇:၁၂
အကြမ်းဖက် ဇီယွန်ဝါဒီ အစိုးရ သူလျှိုကို ကွမ်းမြို့  တွင် ကြိုးပေး ကွပ်မျက်

မော့ဆက်သူလျှို၏ သေဒဏ်ကို ကွမ်းမြို့ အကျဉ်းထောင်တွင် ထုတ်ပြန်ခဲ့ပါတယ်။ ဤသူလျှို သည် ၂၀၂၃ခုနှစ် အောက်တိုဘာလ မှ အကြမ်းဖက် ဇီယွန် အစိုးရ၏ သတင်းအချက်အလက်ဝန်ဆောင်မှုနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ သူဖြစ်ပါ တယ်။ အီရန် တရားရုံးချုပ်မှ ၎င်း၏ လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုမှုကို ပယ်ချခဲ့ပါ တယ်။ ပြီးနောက် ၎င်းအား မိုဟာရေဗ် (အလ္လာဟ် ဟို အရှင်မြတ် နှင့် တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) နှင့် စစ်တိုက်သူ ) နှင့် မြေပထဝီ ပေါ်မှာ ဖျက်ဆီးသူ အဖြစ် သေဒဏ်ပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Noornews ၏ အစီရင်ခံစာ အရ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဆယက်ဒ် ကာဇင်းမ် မူစဝီ ကွမ်း ပြည်နယ်တရားသူကြီးချုပ် နှင့် တရားရေးကောင်စီချုပ် က မော့ဆက် ( Mossad ) အောက်တိုဘာလ ၁၈ ရက်နေ့ ၂၀၂၅ခုနှစ် တွင် ကြိုးပေးကွပ်မျက်ကြောင်း ကြေငြာပြီး အီရန် တရားရုံးချုပ်မှ ဤ သူလျှို၏ ၏ လွတ်ငြိမ်းချမ်း သာခွင့်တောင်းဆိုမှုကို ပယ်ချခဲ့ပါ ကြောင်း  ပြီးနောက် ၎င်းအား မိုဟာရေဗ် (အလ္လာဟ် ဟို အရှင်မြတ် နှင့် တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) နှင့် စစ်တိုက်သူ )  နှင့် မြေပထဝီ ပေါ်မှာ ဖျက်ဆီးသူ အဖြစ် သတ်မှတ်၍ သေဒဏ်  ခဲ့ကြောင်း သေဒဏ် အား ကွမ်း မြို့ အကျဉ်းထောင်တွင် ဆောင်ရွက် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အမှု၏အသေးစိတ်အချက်အလက်များကို ရည်ညွှန်းကာ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဆယက်ဒ် ကာဇင်းမ် မူစဝီ  က ဤသူလျှိုသည် အောက်တိုဘာလ ၂၀၂၃ ခုနှစ် တွင် အစ္စရေး ထောက်လှမ်းရေးဌာနများ နှင့် အဆက်အသွယ်လုပ်ခဲ့ကြောင်း ထိုနှစ် အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း ထောက်လှမ်းရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သူလျှို သည် စာရွက်စာတမ်းအပြည့်အစုံကို စုဆောင်း ခြင်း အကြမ်း ဖက် ဇီယွန် အစိုး ရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၎င်းအစိုးရထံ သတင်းအချက်အလက်များ ပေးပို့ခဲ့ကြောင်း  ဆက်နွှယ်သည့် နေရာများ ပြောပြပြီးတိကျပြတ်သားစွာ ဝန်ခံခဲ့ကြောင်း ဤ အတွက် ကြောင့် တရားရုံး မှ  အမှုကို စီရင်ချက်ချခဲ့ ကြောင်း ပြောကြား ခဲ့ပါတယ်။

ကွမ်း ပြည်နယ်တရားသူကြီးချုပ်၏အဆိုအရ ဤသူလျှို ပုဂ္ဂိုလ်အား မော့ဆက် ထောက်လှမ်းရေး အရာရှိတစ်ဦး နှင့် ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှုနှင့် သူလျှိုလုပ်မှုစွဲချက်ဖြင့် သေဒဏ်ချမှတ်ခံခဲ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အပါအဝင် ဇီယွန်နစ်အစိုးရ၏ ရန်လိုသည့်လုပ်ရပ်များကို တန်ပြန်ရေးဥပဒေ အပိုဒ် ၆ အရ အရေးယူခြင်းခံခဲ့ရကြောင်း သိရှိရပါတယ်။

ဆက်လက်ပြီး ဤ သူလျှို လူဟာ ဇီယွန်စစ်အစိုးရ၏ ထောက်လှမ်းရေးဌာနများ ကို ပုဂ္ဂိုလ်ရေးအရရော ပရော် ဖက်ရှင်နယ် အကြောင်းပြချက်များ နှင့် ဆက်သွယ်ခဲ့ပြီး မော့ဆက်အရာရှိနဲ့ တွေ့ဆုံခဲ့ကြောင်း ဟွတ်ဂျ် ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန်  ဆယက်ဒ် ကာဇင်းမ် မူစဝီ က ပြောကြားခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် ကွမ်း ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က နိုင်ငံတော်လုံခြုံရေးကို ထိန်းသိမ်း ရာတွင် ပြည်သူများ၏ အသိပညာပေးအခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ပြီး အစ္စလာမ့် လူ့အဖွဲ့ အစည်း ၏ လုံခြုံရေးနှင့် ဆက်လက်ငြိမ်းချမ်းမှုကို အာမခံချက်ပေးသည့် လူထုပူးပေါင်းဆောင်ရွက်မှုနှင့် နိုးနိုး ကြားကြား ရှိမှုတို့ကို လေးစားအပ်ပါသော နိုင်ငံသားများအနေဖြင့် သံသယဖြစ်ဖွယ်ကိစ္စရပ်တစ်ခုခုကို တွေ့ရှိပါက အရည် အချင်းရှိသော ထောက်လှမ်းရေး၊ လုံခြုံရေးနှင့် တရားရေးအာဏာပိုင်များထံ အစီရင်ခံ တင်ပြရန် မေတ္တာ ရပ်ခံ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha