အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၄ နိုဝင်ဘာ ၂၀၂၂

၂၀:၃၄:၅၇
1325967

  အလ်သစ်ဗ်ယန် သည် ပထမဆုံး ပြည့်စုံ သည့် ရှီအဟ် သဖ်စီ ကုရ်အာန် ကျမ်း ဖြစ်

ရှီအဟ် သဖ်စီကျမ်း တစ်ခု ဖြစ်သည့် «التبیان فی تفسیر القرآن» အလ်သဗ်ယန်းဖီးသဖ်စီရေကုရ်အာန် အား ရှီအဟ် အကျော်အ‌မော် အာလင်မ်ကြီး တစ်ပါးဖြစ်သည့် ရှိက္ခ် သူစီ (ရ.ဟ) ၏ ကြိုးပမ်းမှု၏ ရလာဒ် ဖြစ်ပါတယိ။ ပထမဆုံး အပြည့် စုံဆုံး ကျမ်း စာရင်း ဝင်ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အေက်နာ သတင်း အထောက်အထားများ အရ အလ်သဗ်ယန်းဖီးသဖ်စီရေကုရ်အာန် ကျမ်းတွင် ပညာရပ်ပေါင်းစုံ ပမာ အားဖြင့်် ဆဖ်ရ်  ၊ နဟို၊အစ်ရှ်သေကာက် ၊ မအာနီ ၊ ဗယန်း ၊ ဟဒီးစ် ၊ ဖေက်ဟ် ၊ ကလာမ်  နှင့် သမိုင်းဆိုင်ရာ ပညာရပ်များ ပါဝင်ပါတယ်။

မိုဟမ္မဒ်ဗင်ဟစန်ဗင် အလီဗင် ဟစန် (ခ) ရှိက္ခ် သူစီ (ခ) ရှိက္ခ်ခိုလ်သွာအေဖဟ် အမည်ဖြင့် နာမည်ကျော်ကြား သည် ဟဒီးစ် နှင့် ဖေက်ဟ် ပညာရပ်တွင် ကျော်ကြား သည့် အာလင်မ်ကြီး  ဖြစ်ပါတယ်။ ရှိက္ခ် သူစီ သည် အသက် ၂၃ နှစ်အရွယ် တွင် ခိုရာစာန် မှ အီရတ်နိုင်ငံသို၌ သွားရောက်ခဲ့ပြီး အီရတ် နိုင်ငံ ရှိ အကျော်အမော် အာလင်မ်ကြီးများ ဖြစ်သည့် ရှိက္ခ်မိုဖီးဒ် ၊ ဆရက်ဒ် မိုရ်သစာ တို့ထံ တပည့်ခံ ပညာဆည်းပူးခဲ့ပါတယ်။  အဘာစီ ခလီဖွာ အလ်ကာအေမ် ဗေအမရ်ရွလ္လာဟ် သည် ရှိက္ခ် သူစီ အား ကလာမ်ပညာရပ်တွင် ဆရာ တင်ထားပါတယ်။

ပြီးနောက် နဂျဖ်မြို့ သို့ သွားရောက်ပြီး ပညာ ရပ်ဆိုင်ရာ လှုပ်ရှားမှုများ ကို ဆောင်ရွက်ခဲ့ပြီး နဂျဖ်မြို့ အား ပညာမြို့ ဖြစ်အောင် ပြုလုပ်ခဲ့ပါတယ်။ယနေ့တိုင် နဂျဖ်ဖေအရှ်ရဖ် မြို့သည် ပညာ၏မြို့တော် တစ်ခု ဖြစ်ပြီ ရှီအဟ်များ အတွက် အရေးပါ အရာရောက်သည့် မြို့ တစ်မြို့ ဖြစ်ပါတယ်။

ရှိက္ခ် သူစီ သည် ဘဂ္ဂဒတ် မြို့ တွင် ကလာမ်ပညာရပ် (ခ) အကီဒဟ် ပညာရပ်တွင် ကျော်ကြားသည့် အာလင်မ် တစ်ပါး ဖြစ်ပြီး မိမိ ဆရာ ၏ လုပ်ရပ်ကို ပီးပြည့်စုံသည့်အထိ ပြုလုပ်ခဲ့သည့် အာလင်မ် ဖြစ်ပါတယ်။


ရှိက္ခ် သူစီ၏ ဓာတ်ပုံ



ရှိက္ခ် သူစီ သည် အမျိုးမျိုးသော ပညာရပ်ဆိုင်ရာ စာအုပ်များကို ရေးသားခဲ့ပြီး ရှီအဟ်ကျောင်းတွင် ကျောင်းသား အများအပြားကို လေ့ကျင့်သင်ကြားပေးကာ ရှီအဟ် ပညာရှင်များ၏ အတွေးအမြင်များကို ကျန်ရစ် စေခဲ့ပါတယ်။

ရှီအဟ် မဇ်ဟဗ် ၏ ဖေက်ဟ် တွင် အစ်ဂျ်သေဟဒ် နှင့် အကဲလ် (အသိပညာ)  အသုံးပြုလာခြင်းသည် ရှိက္ခ် သူစီ ၏ ကြိုးပမ်း ခဲ့မူကြောင့် ဖြစ်ပါတယ်။


ရှိက္ခ် သူစီ နှင့် အလ်သဗ်ယန်းဖီးသဖ်စီရေကုရ်အာန်

အလ်သဗ်ယန်းဖီးသဖ်စီရေ ကုရ်အာန် သည် ပထမဆုံး ရှီအဟ် သဖ်စီ ဖြစ်ပြီး စူရဟ် အားလုံး ၏ သဖ်စီ ပါဝင်နေပါတယ်။ရှိက္ခ်သူစီ အလျင် သဖ်စီ ကျမ်းများ တွင် ရီဝါယသ် အချို့ ကိုသာ တင်ပြထားပါတယ်။ ရှိက္ခ်သူစီ အနေဖြင့် ရှီအဟ်၊စွန်နီ သဖ်စီ ပညာရှင်များ အားလုံး ၏ ယူဆချက်များ ကို တင်ပြပြီး ပညာရပ်အရ  ဝေဖန်မ၍များ ကို ပြုခဲ့ပါတယ်။

ရှိက္ခ်သူစီ ကျမ်းတော်မြတ်ကုရ်အာန် အား အာ,သ်တော်များ အရ နားလည် သဘောပေါက်နိုင်ကြောင်း ဟဒီးစ်တော်များဖြင့်သာ နားလည်နိုင်သည့်အဆို ကို လက်မခံကြောင်း သိရှိရမှာ ဖြစ်ပါတယ်။ ရှိက္ခ်သူစီ သည် မိမိ၏ သဖ်စီ တွင် အေဂျ်သေဟဒ် ပညာရပ် (မွတ်ဂျ်သဟစ်ဒ် ပညာရပ်) ကို အသုံးပြု  ရေးသား ထားပါတယ်။

 

အလ်သဗ်ယန်း သဖ်စီအား (ကစီရိုလ်အမါခဇ်) ကျမ်းကိုးမျိုးစုံ သို့မဟုတ် (သဖ်စီရေဂျအ်မေအ် ) ကျယ်ပြန့် သည့်သဖ်စီ ဟုလးခေါ်ဆိုပါတယ်။ အလ်သဗ်ယန်း သဖ်စီ တွင် သဖ်စီ အတွက် ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များ ရီဝါယသ်တော်များ နှင့် အဲက်လ် (အသိပညာ) ကို အရေး ပေး သုံးထားသည်ကို တွေ့ရမည် ဖြစ်ပါတယ်။

 

အလ်သဗ်ယန်း သဖ်စီ ၏ ပြုစု ရေးသားထားသည့် ပုံစံမှာ ပထမ စူရဟ်များ အားလုံး အား မည်သည့် စူရဟ်သည် မက္ကာဟ် မြို့  တွင် ကျရောက်ခဲ့ကြောင်း မည်သည့် စူရဟ်သည် မဒီနာ  မြို့  တွင် ကျရောက်ခဲ့ကြောင်း ကို ရေးသား ထားပါတယ်။ ပြီးနောက် အခြားကိစ္စများ ကိုလည်း ရှင်းပြပြီး အဘိဓာန် အရ အဓိပ္ပာယ်  ၊ ကေရအသ် ၏ အကွဲအလွဲများ ၊ သဖ်ရ် နှင့်နဟို ၏ ကောက်နှုတ်ချက်များ ၊ ဆက်နွယ်နေသည့်  အာယသ် တော်တစ်ပါး တစ်ပါး အကြာင်းကို ကြိုးစား ရေးသားထားကြောင်း သိရှိရပါတယ်။

အလ်သဗ်ယန်းဖီးသဖ်စီရေကုရ်အာန် ကျမ်းသည် လေ့လာ မှတ်သား သင့်သည့် ကျမ်း များ မှ တစ်ကျမ်း ဖြစ်ပါတယ် ။ ဤကဲ့သို၌ကျမ်းများ မြန်မာ ဘာသာဖြင့် ထွက်ရှိလာ နိုင်ရန် အလ္လာဟ်ဟိုအရှင်မြတ်ထံ ဒိုအာပြု သင့်ကြောင်း တင်ပြအပ်ပါတယ်။

 

****************************************************************

END / 251