အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၅ နိုဝင်ဘာ ၂၀၂၂

၁၇:၃၇:၃၂
1326122

ဆော်ဒီ အာရေးဗီးယားတွင် မိုးသည်းထန် စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၂ ဦး သေဆုံး/ လျှပ်စစ် မီးပြတ်တောက် ကာ အများပြည်သူ ရုန်းရင်းဆန်ခတ်ဖြစ်

ဆော်ဒီအာရေဗျတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီး ကားအများအပြား မျောပါသွားကာ လျှပ်စစ်မီး ပြတ်တောက်ကာ လူများ ပရမ်းပတာ ဖြစ်ခဲ့ရကြောင်း ဝမ်းနည်းစွာ သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ဖော်ပြသည်မှာ  Russia Today ၏ အစီရင်ခံစာအရ ဆော်ဒီအာရေဗျတွင် မိုးသည်း ထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၂ ဦး သေဆုံးကာ ကား အများအပြား မျောပါသွားကာ လျှပ်စစ်မီး ပြတ်တောက်ကာ လူများ ကမောက်ကမ ဖြစ်ခဲ့ရကြောင်း ဖြစ်ပါတယ်။

 

 ဂျစ်ဒဟ်မြို့တွင် စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို အာဏာပိုင်များက အရုဏ်မတက်မီတွင် ပိတ်ထားရပြီး မုန်တိုင်းထန်သော ရာသီဥတုကြောင့် အများ ပြည်သူ ဘေးကင်းစေရန်အတွက် အနီးနားရှိ ရီးဂ်မြို့ငယ် နှင့် ခူလစ် မြို့ငယ် များရှိ ကျောင်းများကိုလည်း ပိတ်ထားကြောင်း အာဏာပိုင်များမှ ကြေညာ ထားကြောင်း သိရှိရပါတယ်။

 

နိုဝင်ဘာလ ၂၄ရက်နေ့ ကြာသပတေးနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမြို့ ဂျစ်ဒဟ် တွင် လေပြင်းတိုက်ခတ်မှုနှင့် မိုးသည်း ထန်စွာ ရွာသွန်း မှုကြောင့် ကားလမ်းများပိတ်ခဲ့ပြီး ကားအများအပြား မျောပါသွားခဲ့ကြောင်း သိရှိရပါတယ်။

 

ထိုအချိန်တွင် လူနှစ်ဦးသေဆုံးခဲ့သည်။ အာဏာပိုင်များသည် မက္ကာဟ် မြို့ သို့သွားသည့်လမ်းများကို ပိတ်ခဲ့ပြီး ပင်လယ်နီမြို့မှ လေယာဉ်ခရီးစဉ်ပေါင်း လေးသန်းခန့်ကို ဖျက်သိမ်းခဲ့ရကြောင်း နစ်မြုပ်နေသော ကားများမှ လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

 

 လူမှုကွန်ရက်စာမျက်နှာများတွင် ရေကြီးနေသောလမ်းများပေါ်တွင် သွားလာနေကြသူများနှင့် ရွှံ့နွံများထဲတွင် ကားများပိတ်နေသည်ကို တွေ့ရပြီး သီတင်းပတ်ကုန် တွင် မိုးပိုလာမည်ဟု မျှော်လင့်ရပြီး ၊  King Abdulaziz အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရင်းမြစ်များက ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ် ခရီးစဉ်အချို့ နှောင့်နှေးခဲ့ရသည်ဟု ဆိုပါတယ်။

ဆော်ဒီအာရေးဗီးယားအရပ်ဘက် ဆိုင်ရာ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမိုဟမ္မဒ် အလ်ကရ်နီ မှ  ပြည်သူ များအား ရေကြီးသောဒေသများနှင့် မြစ်ချောင်း များနှင့် ဝေးဝေးတွင်နေရန် ပြောကြားခဲ့ပါတယ်။ ဂျီဒဟ်မြို့တွင် မိုးရေ 60 မီလီမီတာကျော် ရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သတိပြု သင့်ပါတယ်။

****************************************************************

END / 251