အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္လာနေ့

၂၈ နိုဝင်ဘာ ၂၀၂၂

၂၀:၂၈:၃၉
1327115

စစ်ကောင်စီမှ ရခိုင်ပြည်နယ်အတွင်း စစ်အင်အား ၄၀,၀၀၀ ဝန်းကျင်ခန့်ချထား

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီမှ စစ်အင်အား ၄၀,၀၀၀ ဝန်းကျင်ခန့်ချထားသည်ဟု ဒီကနေ့ပြုလုပ်သည့် ULA/AA၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်( AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောဆိုခဲ့သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီမှ စစ်အင်အား ၄၀,၀၀၀ ဝန်းကျင်ခန့်ချထားသည်ဟု ဒီကနေ့ပြုလုပ်သည့် ULA/AA၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်( AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောဆိုခဲ့သည်။

စကခ (၁၉)၊ တနင်္သာရီတိုင်းဖက်မှတပ် ၊ဧရာဝတီတိုင်းမှ ကမ်းခြေစောင့် တပ်များနှင့် မြောင်းမြမှတပ်တို့မှာ ရခိုင်ပြည်နယ်အတွင်းကို ဝင်ရောက်နေသည်ဟု သူကပြောသည်။ တပ်မ (၂၂)၊ တပ်မ (၇၇)၊တပ်မ (၅၅)၊တပ်မ (၁၁)တို့လည်း ရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်းကို တခြားနေရာများမှ ဝင်ရောက်လာသည့်တပ်တချို့မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) လက်မောင်းတံဆိပ်များကိုတပ်ဆင်ကာ စစ်ဆင်ရေးများကို ပါဝင်လုပ်ဆောင်နေမှုများလည်းရှိသည်ဟု ဦးခိုင်သုခကပြောဆိုခဲ့သည်။

“ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာရှိနေတာက စကခ(၁၉)၊ တနင်္သာရီတိုင်းဖက်က စကခ တစ်ခုပါ၊ နောက်ပြီး ဧရာဝတီတိုင်းဖက်က ကမ်းခြေစောင့်တပ်တွေလည်း ရောက်လို့ရှိပါတယ်။ နောက်ပြီးတော့ မြောင်းမြဖက်က တပ်တွေလည်းရောက်နေတာရှိပါတယ်။ တပ်မတွေကတော့ တပ်မ (၂၂) တပ်မ(၇၇)၊ တပ်မ(၅၅)၊နောက်ပြီးတော့ တပ်မ(၁၁) တို့ရှိပါတယ်။ အခုတော့ တပ်မအလိုက်မရှိရင်တောင် တပ်မတစ်ခုစီက တစ်ဗျူဟာ၊ နှစ်ဗျူဟာ အဲ့ဒီလိုရောက်နေ တာတွေရှိပါတယ်။ တချို့တပ်မတွေက နပခဘက်တံဆိပ်ကို ပြောင်းတပ်ပြီးတော့ စစ်ဆင်ရေးတွေမှာပါဝင်ပြီးလုပ်ဆောင်နေကြတာတွေရှိပါတယ်။” ဟု ဦးခိုင်သုခက ပြောဆိုသည်။

ပလက်ဝမြောက်ပိုင်း၊ ကလက်ချောင်းပြင်မှာ စကခ(၁၉)တပ်မှ အဓိကလှုပ်ရှားနေသည် ဟုသိရသည်။ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာဖက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် တပ်မ(၂၂) နှင့် တပ်မ(၇၇) တို့ဖြစ်သည်ဟု သိရသည်။ ပလက်ဝနှင့် ကျောက်တော်အကြားတွင် တပ်မ(၅၅)နှင့် တပ်မ(၁၁)တို့ကလှုပ်ရှားနေသည်ဟု သူကပြောဆိုခဲ့သည်။

“ တချို့တပ်မ တွေက ထုတ်နုတ်အင်အားတွေ၊ ဥပမာ(နပခ)ဘက်တံဆိပ်ပြောင်းပြီး စစ်ဆင်ရေးတွေမှာပါနေတာ၊ နောက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တပ်မအလိုက်ထိုးတာ မျိုးမဟုတ်ဘဲ ဖြန့်ပြီးထိုးနေတာတွေလည်းရှိပါတယ်။ တချို့အတိအကျမပြောနိုင်တဲ့ တပ်ရင်း၊ တပ်မတချို့လည်း ရောက်နေတာမျိုးရှိပါတယ်။ ဘတ်တံဆိပ်ပြောင်းတပ်ထားတဲ့တပ်တွေက အထူးသဖြင့် အမ်းဖက်မှာတွေ့ရပါတယ်။ တချို့တပ်တွေက ရောက်လိုက်ပြောင်းလိုက် အဲ့ဒီလိုကိစ္စတွေတော့ရှိတယ်။ ခန့်မှန်းခြေအင်အားကတော့ သုံးသောင်းအထက် လေးသောင်း အဲ့ဒီလိုမျိုး အကြမ်းအားဖြင့်ပြောနိုင်မယ်။ လေးသောင်းလောက်ဝန်းကျင်ပေါ့။” ဟု ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုအပြင် စစ်တွေမြို့အတွင်း ALP တပ်ဖွဲ့ဝင်များမှာလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် အတူ ပူးပေါင်းကာ ညအချိန်အတွင်း ဧည့်စာရင်းစစ်ဆေးရာတွင် လက်ထောက်ချလမ်းပြမှုများနှင့် ပါဝင်နေမှုများလည်းရှိနေသည်။

****************************************************************
END / 251