အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၃ ဒီဇင်ဘာ ၂၀၂၂

၂၁:၂၉:၀၅
1328357

ယူကရိန်းစစ်ပွဲရပ်ရန် လမ်းဖွင့်ထားဟု ရုရှားပြော

သမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲရပ်စဲရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲရပ်စဲရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောပါတယ်။

ဒါပေမယ့် ယူကရိန်းထံက သိမ်းပိုက်ထားတဲ့ ဒေသ ၄ ခုကို ရုရှားရဲ့ ပိုင်နက်အဖြစ် လက်ခံပေးရမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပူတင်အနေနဲ့ စစ်ပွဲရပ်ရေး ဆွေးနွေးချင်တယ်ဆိုရင် ဆွေးနွေးဖို့အသင့်ပဲလို့ ကြာသာပတေးနေ့က ပြောကြားထားတာပါ။

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပက်စ်ကော့ဗ်က သမ္မတပူတင်ဟာ ရုရှားရဲ့ အကျိုးစီးပွားကို မထိခိုက်စေတဲ့ ဆွေးနွေးမှုမျိုးကို အရင်ကတည်းက အခုအချိန်အထိ လမ်းဖွင့်ထားတယ်လို့ ဘိုင်ဒန်ရဲ့ မှတ်ချက်ကို တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းဒေသ ၄ ခုဖြစ်တဲ့ Donetsk၊ Luhansk၊ Kherson နဲ့  Zaporizhia တွေကို သိမ်းပိုက်ပြီး စက်တင်ဘာလမှာ အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲလုပ်ကာ ပိုက်နက်ထဲ သွတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

****************************************************************
END / 251