အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၄ ဒီဇင်ဘာ ၂၀၂၂

၂၁:၃၇:၄၆
1328666

 M-Media မှ ဒီဇင်ဘ လ ၄ ရက်နေ့တွင် ဖော်ပြထားသည့် အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ သတင်း နှင့်ပတ်သက်သည့် အမှန်တရား

Aljazeera သတင်းဌာန ကို ကိုးကားပီး မြန်မာ ဘာသာ ဖြင့်ဖော်ပြသည့် M-Media မှ ဒီဇင်ဘ လ ၄ ရက် နေ့ တွင် ဖော်ပြထားသည့် အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံဆိုင်ရာ သတင်း နှင့်ပတ်သက်သည့် အမှန်တရား အား အီရန် အခြေဆိုက် အဗ်နာ သတင်းမှ တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 M-Media   မှ  (( ဘာသာရေးပုလိပ်အဖွဲ့၏ လုပ်ငန်းတာ၀န်များကို အီရန်က ရပ်ဆိုင်း )) ဆိုသည့် ခေါင်းစဥ် ဖြင့် ဖော်ပြ ထားပါတယ်။  အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင်  ဘာသာရေး ပုလိပ်  အဖွဲ့ ဆိုပြီး မရှိချေ ။  ရဲ နှင့် စာရိတ္တ ဆိုင်ရာ လုခြုံရေး ရဲ သာ ရှိပါတယ်။  ၎င်းတို့ ၏ တာဝန်မှာ ရှရီအသ် နှင့်ဆန့်ကျင် နေသည့် လုပ်ရပ်များ ကို ထိန်းသိမ်း လမ်းညွှန် ရန် ဖြစ်ပါတယ်။  စာရိတ္တ ဆိုင်ရာ လုခြုံရေး ရဲ  များ သည် သက်ညာ စွာ လွပ်လပ်စွာ ကိုင်တွယ်နေသည့် အတွက် ကြောင့်  အမျက်ထုတ်သစ္စာဖောက်များ မှ အီရန် နိုင်င့ အတွင်း  ဆူပူ သောင်းကြမ်း အောင်ပြုနေကြပါတယ်။ အလ်ဟမ်ဒိုလစ်လ္လာဟ် လက်ရှိအခြ အနေတွင် ထိန်းထားနိုင်ပါတယ်။

အီရန် အစ္စလာမ် မစ် ပြည်သူ့ သမ္မတ နိုင်ငံ  ၏  ရဲများသည် မည်သည့် အခြေ အနေတွင် ရှိပါစေ ၊ ဝေဖန် ၊တုက်ခိုက်ကြပါစေ မိမိတို့ ၏တာဝန်ကို လက်လွတ်ကြမည် မဟုတ်ချေ။ ရပ်ဆိုင်းကြမည် မဟုတ်ပေ။

((အသက် ၂၂ နှစ်အရွယ် အမျိုးသမီး မာရှာ အေမီနီကို ဘာသာရေးဥပဒေ ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘာသာရေးပုလိပ်အဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် အချုပ်ခန်းအတွင်း သေဆုံးခဲ့တာကို မကျေနပ်တဲ့အတွက် အီရန်နိုင်ငံမှာ ပြည်သူတွေ ဆန္ဒပြနေတာ ၂ လလောက် ကြာမြင့်နေပါပြီ။ ))
သတင်းသည်လည်း  စွပ်စွဲ အပုတ်ချထား ခြင်း ဖြစ်ပါတယ်။ ထိုအမျိုးသမီးသည် မိမိဘာသာလဲကျသွားပြီး သေဆုံးခြင်းသာ ဖြစ်ပါတယ်။ ရဲများရိုက်သတ်သည့်အတွက်မဟုတ်ချေ။ ဤ အတွက် cctv မှတ်တမ်း ဗီဒီယို နှင့် ဆရာဝန်များ ၏ ဆေးမှတ်တမ်းသက်သေရှိပါတယ်။

အီရန်ပြည်သူ အများစုသည် ဆန္ဒပြ သူများ မဟုတ်ကြပေ။ လူနည်းစု သစ္စာ‌ဖောက် ကြေးစားများသာ ဖြစ်ကြပါတယ်။ အီရန် နိုင်ငံ ၏လက်ရှိ အခြေ အနေမှာ အေမရိကန် နှင့် မဟာမိတ်များ ၏ မတရား စီးပွားရေး ပိတ်ဆို့ မတရားပြုထားမှုကြောင့် ငွေကြေးဖောင်းပွပြီး ကုန်စျေးနှုန်း ကြီးတွင် ပြည်သူများ စီးပွားရေး စားဝတ်နေရေး အကြပ်အတည်းတွေ့ နေရခြင်းဖြစ်ပါတယ်။

ဤသို ဖြစ်အောင်လည်း အမေရိကန်  နှင့် မဟာမိတ်များ မှ တမင် ပြုလုပ် ထား  ခြင်း ဖြစ်ပါတယ် ။ ထိုမှသာ ပြည်သူများ မွမ်းကြပ်ပြီး အစိုးရအား ပုန်ကန် ဆန္ဒပြ ကြရန်  ဖြစ်ပါ တယ်။

((အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု ဆန့်ကျင်ရေး အီရန်ပြည်သူတွေရဲ့ ၂ လကြာ ဆန္ဒပြမှုကို အီရန်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် နှိမ်နှင်းနေပြီး အနည်းဆုံး လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ ))   ဤ သတင်းဟာလည်း စွပ်စွဲ ထားပြီး အမှန် အနည်းငယ် နှင့်အမှားများ ကို ရောသမထားတာ ဖြစ်ပါတယ်။  အီရန် နိုင်ငံ တွင် အမျိုးသမီးများ အား ဖိနှိပ်မှု လုံးဝ မရှိပါ။ အကြောင်း မှာ အမျိုးသမီးများ အား အစ္စလာမ်မစ် နိုင်ငံ  ဖြစ်သည့် အတွက် ဟေဂျာဗ် ဝတ်ရန် ယုတ်စွာ အစ္စလာမ်ဘာသာဝင် မဟုတ်သည့် အမျိုးသမီးများပါ လိုက်နာ ဝတ်ဆင်ကြပါတယ်။ အီရန် နိုင်ငံသို့ ခရီး သည် အဖြစ်ရောက်လာကြသည့် မည်သည့်အမျိုးသမီးမဆို ဝတ်ဆင်ကြရပါတယ်။  မြန်မာ နိုင်ငံ တွင် အစိုးရ ကျောင်း သူငယ်တန်း မှ ၁၀တန်း အထိ ကျောင်းသူ ၊ကျောင်းသား တိုင်း အဖြူ အစိမ်း ဝတ်ရသကဲ့သို့   အရွယ်ရောက်ပြီးသူ အီရန် အမျိုးသမီးတိုင်း နှင့် အီရန် ရောက် ခရီးသည် အမျိုးသမီးတိုင်း ဟေဂျာဗ် အနည်းဆုံး ခေါင်းကို  ခြုံ ရပါတယ်။

သစ္စာဖောက်ကြေးစားသမားများ မှ မဆူ၊ဆူအောင် လုပ်ကြမယ်၊ လူအနည်းငယ် ဆူပူ၍ ဆန္ဒ ပြ လာလျင် လူစု အကြား လက်နက်သုံး၍ အကြမ်းဖက်ပြီးလူသေသည့်အထိ ရမ်းကြ။ကြမ်းရမယ်၊ ပြီးလျင် ရဲများကြောင့်ဆို စွပ်စွဲမယ် ။ ပြီးနောက် အများပိုင် ပြည်သူ့ ပစ္စည်း များ ၊ ဘဏ် စသည် တို့ကို မီးရှို့ ဖျက်စီး ကြပါမယ်။
 
မြန်မာ ဘာသာ ဖြင့် ဖော်ပြသည့် စွန်နီမွတ်စလင်မ်များ ပိုင်  M-Media   နှင့် Aljazeera  သတင်းဌာန သည့်  အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကို ဆန့်ကျင် သည် သတင်းဆိုလျင် ဦးစားပေး ဖော်ပြလေ့ရှိပါတယ်။

သက်သေ မှာ လူရာတောင်မပြည့်သည့် အီရန် အစ္စလာမ်မစ် အစိုးရ ဆန့်ကျင်သည့် သတင်းဆိုလျင် ဖော်ပြပြီး သိန်းနှင့်ချီသည့် အီရန် အစ္စလာမ်မစ် အစိုးရ  ထောက်ခံ ပွဲဆို လျင် ရေငုံ နှုတ်ပိတ်နေကြ ခြင်း ဖြစ်ပါတယ်။

****************************************************************
END / 251