အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
တနင်္လာနေ့

၁၉ ဒီဇင်ဘာ ၂၀၂၂

၁၈:၂၇:၅၃
1332148

  အာရပ်ကမ္ဘာရဲ့ အမြင့်ဆုံးအဆင့်နဲ့ ဂုဏ်ပြုခံရတဲ့ မက်ဆီ

မနေ့က ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်နီးနားကို ဆုချီးမြှင့်ရာမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီဟာ မက်ဆီကို ၀တ်ရုံတစ်ခု ခြုံပေးခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မနေ့က ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်နီးနားကို ဆုချီးမြှင့်ရာမှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီဟာ မက်ဆီကို ၀တ်ရုံတစ်ခု ခြုံပေးခဲ့ပါတယ်။

အဲဒီ၀တ်ရုံရှည်ကို ‘ဘစ်ရှ်သ်’ (Bisht) လို့ခေါ်ပြီး အာရပ်ရိုးရာ ၀တ်စားဆင်ယင်မှုတစ်ခုပါ။

Bhist ကို ဘုရင်၊ အစိုးရအကြီးအကဲ၊ စော်ဘွား၊ အိမ်ရှေ့မင်းသား စသဖြင့် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေက  ထူးခြားတဲ့အခမ်းအနားတွေမှာ ၀တ်ဆင်ကြတာပါ။

အဖြူရောင်၊ အနက်ရောင် ပိတ်စရှည်တွေကို ရွှေနားကွပ်ထားတဲ့ Bhist ၀တ်ရုံဟာ လေးစားတန်ဖိုးထားမှု၊ ဂုဏ်ပြုမှု၊ ချီးကျူးထောပနာပြုမှု စတဲ့ အဓိပ္ပါယ်တွေကို ဖော်ကြူးပါတယ်။

အာရပ်ရိုးရာအရ ဒီလို၀တ်ရုံမျိုး ချီးမြှင့်တာဟာ အမြင့်ဆုံးအဆင့် ဂုဏ်ပြုမှုလည်း ဖြစ်ပါတယ်။

ကာတာ ကမ္ဘာ့ဖလားကျင်းပရေးကော်မတီ အတွင်းရေးမှူး ဟာဆန် အလ်-သာ၀ါဒီက ဒီ၀တ်ရုံ၀တ်ပေးမှုအတွက် အခုလို မှတ်ချက်ပေးပါတယ်။

“ဒီ၀တ်စုံကို ပွဲလမ်းဘသင်တွေမှာ ၀တ်ကြတယ်။ အောင်မြင်မှုကို ဖော်ကြူးတဲ့ အထိမ်းအမှတ်နဲ့လည်း ၀တ်ကြပါတယ်။ အခုလို ၀တ်ပေးတာဟာ မက်ဆီရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတာပါ။ ကမ္ဘာ့ဖလားမှာ အာရပ်ယဥ်ကျေးမှုကို ချပြဖို့ အခွင့်အရေးရခဲ့တယ်။ ကာတာတစ်နိုင်ငံတည်းအတွက်မဟုတ်ဘဲ အာရပ်ကမ္ဘာရဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်”

****************************************************************
END / 251