၁၉ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
တယ်လီဂရပ်ဖ် / အီရန်က အမေရိကန်ကို အရှေ့အလယ်ပိုင်းမှ ဖယ်ရှားနိုင်ကြောင်း သက်သေပြခဲ့

ဗြိတိန်သတင်းစာ The Telegraph က အနောက်အာရှဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများ၏ အားနည်းချက်များကို လေ့လာသုံးသပ်ထားပြီး **အီရန်သည် အမေရိကန် (ဝါရှင်တန်) ကို အရှေ့အလယ်ပိုင်းဒေသမှ ဖယ်ရှားနိုင်ကြောင်းနှင့် ပါရှန်းပင်လယ်ကွေ့ရှိ အမေရိကန်၏ အာရပ်မဟာမိတ်များနှင့် ပတ်သက်သော လုံခြုံရေးဟန်ချက်ကို ပြောင်းလဲနိုင်ကြောင်း သက်သေပြခဲ့သည်ဟု ရေးသားထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန ၏ အစီရင်ခံစာအရ The Telegraph မှ သုံးသပ်သူ **Daniel DePetris  က “ အီရန်သည် အမေရိကန်ကို အရှေ့အလယ်ပိုင်းမှ ထွက်ခွာစေနိုင်ကြောင်း သက်သေပြနေသည် ” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် ဝါရှင်တန်က လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စစ်အခြေစိုက်စခန်းများသည် ယခုအခါ ၎င်းတို့ကိုယ်တိုင် အားနည်းပြီး တိုက်ခိုက်ရန် လွယ်ကူသော ပစ်မှတ်များ ဖြစ်လာခဲ့သည် ဟု ရေးသားထားပါတယ်။

The Telegraph ၏ ဖော်ပြချက်အရ အမေရိကန်၏ စစ်ဆင်ရေးသည် စီစဉ်ထားသည့်အတိုင်း ဖြစ်ပေါ်ခဲ့ပါက ယခုအချိန်တွင် အီရန်သည် ဝါရှင်တန်တောင်းဆိုထားသော သဘောတူညီချက်ကို လက်ခံပြီးဖြစ်မည်ဖြစ်ကာ ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများ သွားလာမှုမှာ အတားအဆီးမရှိ ဆက်လက်ရှိနေမည် ဖြစ်ပြီး ဆော်ဒီအာရေဗျ၏ အရှေ့မှအနောက်သို့ ဆက်သွယ်ထားသည့် အဓိကရေနံပိုက်လိုင်းလည်း လည်ပတ်နေမည်ဖြစ်ပါတယ်။

သတင်းစာက အမေရိကန်ကွန်ဂရက်၏ အစီရင်ခံစာကို ကိုးကား၍  အီရန်နှင့် စစ်ပွဲအတွက် ယခုအချိန်အထိ အမေရိကန်အခွန်ထမ်းပြည်သူများ၏ ငွေကြေး အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံခန့် ကုန်ကျခဲ့ပြီး စစ်ဆင်ရေးအတိုင်းအတာအပေါ် မူတည်၍ ကုန်ကျစရိတ်သည် တစ်လလျှင် ဒေါ်လာ ၃ ဘီလီယံအထိ ရှိလာနိုင်ကြောင်း ရေးသားထားပါတယ်။

ပင်တဂွန်၏ အထွေထွေစစ်ဆေးရေးမှူး၏ ခန့်မှန်းချက်အရ ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများတွင် အဆောက်အအုံနှင့် အခြားအဆောက်အအုံဆိုင်ရာ အစိတ်အပိုင်း ရာနှင့်ချီ၍ ပျက်စီး သို့မဟုတ် ဖျက်ဆီးခံခဲ့ရသည် ဟု ဆိုပါတယ်။

The Telegraph ကလည်း ဂြိုဟ်တုဓာတ်ပုံများတွင် သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုအဆင့်ကို တွေ့မြင်ရကြောင်း  ရေးသားထားပါတယ်။

သတင်းစာ၏ အဆိုအရ ပစ္စည်းပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများထက် ပိုမိုအရေးကြီးသည်မှာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ စစ်ရေးတပ်ဖြန့်ထားမှုအပေါ် ဤအပြောင်းအလဲများ၏ မဟာဗျူဟာပိုင်းဆိုင်ရာ သက်ရောက်မှုများ ဖြစ်သည်။ ဝါရှင်တန်၏ လွန်ခဲ့သည့်  ဆယ်စုနှစ်သုံးခုအတွင်း စစ်ရေးမူဝါဒ၏ အခြေခံယူဆချက်များကိုပင် ခုနစ်လမပြည့်မီသော ကာလအတွင်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည် ဟု The Telegraph က သုံးသပ်ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha