အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup.com
ကြာသပတေးနေ့

၂၂ ဒီဇင်ဘာ ၂၀၂၂

၁၉:၄၁:၀၄
1332893

နာဇီကို ကူညီမှုဖြင့် ၉၇ နှစ်အရွယ် အမျိုးသမီးကို ဂျာမနီက အပြစ်ပေး

ဒုတိကမ္ဘာစစ်က နာဇီအကျဥ်းစခန်းမှာ လက်နှိပ်စက်သမအဖြစ် အမှုထမ်းခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် အဖွားအိုကို လူသတ်မှု ကြံရာပါနဲ့ ဂျာမနီတရားရုံးတစ်ခုက ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒုတိကမ္ဘာစစ်က နာဇီအကျဥ်းစခန်းမှာ လက်နှိပ်စက်သမအဖြစ် အမှုထမ်းခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် အဖွားအိုကို လူသတ်မှု ကြံရာပါနဲ့ ဂျာမနီတရားရုံးတစ်ခုက ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

Irmgard Furchner ဆိုတဲ့ အမျိုးသမီးဟာ ၁၉၄၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ပိုလန်က Stutthof အကျဥ်းစခန်း အုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်ခဲ့တာပါ။

အဲဒီအချိန်က သူမအသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ကလေးသူငယ်ဥပဒေအရ တရားရုံးက အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

Stutthof အကျဥ်းစခန်းမှာ ဂျူး၊ ပိုလန်နဲ့ ရုရှားလူမျိုး၊ လိင်တူချစ်သူတွေ၊ ခရစ်ယာန်ယေဟော၀ါအသင်း၀င်တွေ အပါအ၀င် စုစုပေါင်း ၆ သောင်းကျော်ကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Irmgard Furchner ဟာ လူပေါင်း ၁၀၅၀၀ သေဆုံးမှုမှာ ကြံရာပါဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

သူမဟာ ၁၉၅၀ ပြည့်နှစ်တွေတုန်းကလည်း တရားစွဲဆိုခံခဲ့ရပြီး အကျဥ်းစခန်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြံအစည်ကို ဆန့်ကျင်ခဲ့တဲ့အတွက် လူတွေအသတ်ခံရမှုမှာ တိုက်ရိုက် တာ၀န်မရှိဘူးဆိုတဲ့ ထုချေချက်နဲ့ ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

အခုတစ်ခေါက်စစ်ဆေးမှုမှာတော့ နာဇီတွေရဲ့ အစီအစဥ်အားလုံးမှာ သူမ လိုလိုလားလား ပါ၀င်ဆောင်ရွက်ခဲ့တယ်ဆိုတာကို တရားရုံးက ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အစိုးရရှေ့နေ Maxi Wantzen က ဒီတရားစွဲဆိုမှုဟာ သမိုင်းကြောင်းဆိုင်ရာအတွက် အလွန်အရေးပါခဲ့ပြီး နာဇီကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံး အရေးယူတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

****************************************************************
END / 251