အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၃ ဒီဇင်ဘာ ၂၀၂၂

၂၀:၂၀:၄၁
1332953

မျှော်လင့် ချက်ကို ရှင်သန်စေသည့် အရည်အသွေး ၃ခု

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မှ ရီဝါယသ်တော် တစ်ခု တွင် မျှော်လင့် ချက်ကို ရှင်သန်စေသည့် အရည်အသွေး ၃ခု ဆိုသည့် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် နဲဟ်ဂျိုလ်ဖဆွာဟဟ် ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال رسول الله صلی الله علیه وآله وسلم:

اِذا رَاَيْتَ مِنْ اَخيكَ ثَلاثَ خِصالٍ، فَارْجُهُ: اَلْحَياءُ وَ الاَمانَةُ وَ الصِّدْقُ.

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) မိန့်တော် မူ၏။

မိမိ၏သာသနာ့ညီနောင် တွင် ဤကဲ့သို့ အရည်အချင်း၊အရည်အသွေး ဆိုလိုသည်မှာ အရှက်သိက္ခာ (၂) အလွဲသုံးစားမပြုမှု  နှင့် (၃) မှန်ကန် မှု ကို တွေ့ရမည် ဆိုလျင် ၎င်း အပေါ် မျှောင်လင့်ချက် (ကောင်း) ထားပါလေ။

တစ်နည်းအားဖြင့်ပြောရလျင် အရှက်သိက္ခာ၊အလွဲသုံးစားမပြုမှု ၊ မှန်ကန်မှုတွေတွေ့ရမည်ဆိုလျင် ၎င်းနှင့်ပတ်သက်ပြီး မျှော်လင့်ချက် ထားလို့ရပေသည်။

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဖဆွာဟဟ် ကျမ်း ၊ ဟဒီးစ်တော် အမှတ် ၂၀၅

****************************************************************

END / 251