အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၉ ဇန်နဝါရီ ၂၀၂၃

၁၀:၂၆:၀၃
1337064

ပြင်သစ် မဂ္ဂဇင်း ၏ ရဲဟ်ဗရ်အား စော်ကား ခြင်းကို ရှုတ်ချ / ကွမ်းပြည်သူများ နှင့် ဟောင်ဇာသမားမှ ရဲဟ်ဗရ် ထံ အသစ်တဖန် သစ္စာမှု ခံယူ

ယနေ့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံတော် ရှိ ကွမ်းမြို့ ၏ သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် တွင် အစ္စလာမ်မစ်တော်လှန်ရေး ဘက်တော်သား ဟောင်ဇာ သမားများ ပြည်သူလူထု များ မှ ပြင်သစ် မဂ္ဂဇင်း ၏ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ် မီ အား စော်ကား ခြင်းကို ရှုတ်ချပြီး အသစ်တဖန် သစ္စာ ဆို ခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယနေ့ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံတော် ကွမ်းမြို့ ၏ သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် ၏ အေမာမ်ရေဇာ (အ.စ) ရင်ပြင်တော် တွင် အိုလမာ ၊ ဆရာသမားများ ၊ သာသနာ့ ကျောင်းသားများ ၊ တက္ကသိုလ်ကျောင်း သားများ နှင့် အစ္စလာမ်မစ် တော်လှန်ရေး ဘက်တော်သား ပြည်သူလူထုများ ကြီးကျယ်ခမ်းနားသည့် စုဝေးမှု တစ်ခု ကို ဇဟိုရ်အချိန်မတိုင်ခဲ့ပြု ခဲ့ပြီး ပြင်သစ် မဂ္ဂဇင်း ၏ ညစ်ညမ်းသည့် လုပ်ရပ်ကို ရှုတ်ချခဲ့ပြီးမရ်ဂျာစနစ် နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အား ထောက်ခံခဲ့ကြပါတယ်။

ဤစုဝေးပွဲကြီးတွင် ပါဝင်သူများသည် ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ ဓာတ်ပုံများ ကို ကိုင်ဆောင် ကာ ပြင်သစ် မဂ္ဂဇင်း ထုတ်ဝေသူတာဝန်ခံများ အား ဆန့်ကျင်သောကြွေးကြော်သံများ ၊ ညာသံများ ပေးပြီး အရိုအသေအလေးအမြတ် ထားသည့် နေရာများ ၊ မရ်ဂျီအီယသ် နှင့် ရဲဟ်ဗရ်အား စော်ကား ရမ်းကား သည့် အတွက် ရှုတ်ချ  ခဲ့ကြပါတယ်။

အဆိုပါ စည်းဝေးပွဲသို့ တိုင်းဒေသကြီးအဆင့်မြင့်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် နာမည်ကြီး အဖွဲ့အစည်းများ၊ ပညာရှင်များ ၊ ဆရာများအသင်းမှ အဖွဲ့ဝင်များ၊ ပါလီမန် အဖွဲ့ဝင်များ ၊ မဂျ်လစ်စေ ခိုဗရာဂန် ၏ အဖွဲ့ ဝင်များ ဟောင်ဇာအဆင့်မြင့် ကောင်စီ အဖွဲ့ ဝင်များ  နှင့် မြို့နယ် တာဝန်ခံများ တက် ရောက် နေရာ ယူခဲ့ကြပါတယ်။

ဤစုဝေးပွဲကြီးတွင် ပါဝင်နိုင်ရန် အတွက် ဟောင်ဇာအေလ်မီယေ အား မနက် ၁၀နာ ရီမှ ဇဟိုရ် နမာဇ် အချိန် အထိ ပိတ်ပေးခဲ့ပါတယ်၊

ဤစုဝေးပွဲကြီးတွင် အေမာမ် ဆွာဒစ်က်  (အ.စ) တပ်ရင်း ၈၃ မှ တပ်သားများ မှ စစ်ဝတ်စုံများ ဝတ်ဆင် ပြီး ဝေလာယသ်ဖကီးဟ် အား ကာကွယ်ရန် အသင့်ရှိကြေညာခဲ့ ကြပါတယ်။

ဂျအ်မေအသိုဇ်ဇဲဟ်ရာဟ် (စ.အ) ကျောင်းသူများမှလည်း မိမိတို့၏ လက်တွင် ဆန္ဒပြသည့် စာတန်းများ ။ အေမာမ် ခိုမေနီ (ရ.ဟ) နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၊ ဗိုလ်ချုပ်ကြီး ဆိုလိုင်းမါနီ ၏ ဓာတ်ပုံများ ကို ကိုင်ဆောင် ကာ အေမာမ် ခိုမေနီ (ရ.ဟ) ၊ ရှဟီးဒ် တော်များ  နှင့် ရဒဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ တို့  အပေါ်  အသစ်တဖန် ပြန်လည်၍ သစ္စာဆို ခဲ့ကြပါတယ်။

“ ကျွန်ုပ်တို့ ၏ သွေးကြောများတွင်ရှိသောသွေးသည်ကျွန်ုပ်တို့၏ ခေါင်းဆောင် အတွက် ဖြစ်ပါတယ် ” ၊ “ ဝေလာယသ် ၏ အလံကိုင် စစ်သူကြီး  ဟောင်ဇာသမား များ အတါက် စတေးပါမည် ” “ ဤ ရှိသမျှ တပ်သား အားလုံးသည် ရဲဟ်ဗရ် ကို ချစ်သည့် အချစ်ကြောင့် အသင့်ရှိနေပါပြီး ” ၊ “ အမေရိကန် ကျဆုံး ပါစေ ” ၊ “အင်္ဂလန် ကျဆုံး ပါစေ ” ၊ “ အစ္စရေး ကျဆုံး ပါစေ ” စသည်ဖြင့် ညာသံများ ပေးခဲ့ကြပါတယ် ။

ဤစုဝေးပွဲကြီးတွင် ပါဝင်သူများ မှ ရဲဟ်ဗရ်အင်န်ကေလာဗ် ကို ထောက်ခံကြောင်း ၊ ရဲဟ်ဗရ် ၏ အမိန့် ကို နားခံ မည် ဖြစ်ကြောင်း  သံတမန် နည်းအရ ပြင်သစ် အစိုးရ မှ ဤကိစ္စ ပြတ်ပြတ်သားသား ကိုင်တွယ် ဖို့  ပြောကြား တောင်းဆိုခဲ့ ကြပါတယ်။

****************************************************************

END / 251