အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၀ ဇန်နဝါရီ ၂၀၂၃

၂၀:၃၃:၂၀
1337622

 ပွဲစား နှင့် သက်ဆိုင်သည့် အမိန့်တစ်ခု

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ ပွဲစား နှင့် သက်ဆိုင်သည့် ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ ပွဲစား နှင့် သက်ဆိုင်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

သူတစ်ပါး ၏ ပစ္စည်း များ ကို ရောင်းပေးပြီး အကျိုးအမြတ် (ပွဲခ) ယူသည့် ပွဲစား နှင့်ပတ်သက် ပြီး ရှရီအီအမိန့် မည်ကဲ့သို့ လာရှိပါသနည်း ?

အဖြေ

မည်သူမဆို ပစ္စည်း တစ်ခုခု အား တစ်ဦးတစ်ယောက်အား ပေးမည်။ ပြီးနောက် ၎င်းအား ပြောမည် - ဒီလောက် တန်ကြေးဖြင့် ငါအတွက် ရောင်းပေးပါ ။ ငါလိုချင် သည့် တန်ကြေးထက် ပို ရသမျှ ငွေသည် အသင် (ပွဲစား) ၏ ငွေ ဖြစ်သည်ဟုဆိုမည်ဆိုလျင် ဤကိစ္စသည် ပိုင်ပါသည်။ အပိုရမည့်ငွေသည် ပွဲစား ၏ ငွေဖြစ်ပေမည်။  ထိုနည်းတူစွာ  ပစ္စည်းပိုင်ရှင်မှ ပြောမည် - ဤပစ္စည်း ကို ဒီလောက်တန်ကြေးဖြင့် မင်း (ပွဲစား)ကို ရောင်းလိုက်ပါပြီး ။ ပြီးနောက် အခြား ဝယ်ယူသူမှ (မိမိကျေနပ်မှုဖြင့်)  ပိုပေးပြီး ဝယ်မည် ဆိုလျင် ပိုရသမျှ ငွေသည် ပွဲစား ၏ ငွေ ဖြစ်ပေမည်။

 

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251