အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၂၈ ဇန်နဝါရီ ၂၀၂၃

၀၄:၂၃:၃၁
1341555

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဘိန်းစိိုက်မှု ပိုမိုမြင့်တက်လာ

၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု သိိသိသာသာ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေး၀ါးနှင့် ရာဇ၀တ်မှု စောင့်ကြည့်ရေးအဖွဲ့ UNODC က ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု သိိသိသာသာ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေး၀ါးနှင့် ရာဇ၀တ်မှု စောင့်ကြည့်ရေးအဖွဲ့  UNODC က ထုတ်ပြန်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှုပမာဏ ကျဆင်းခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း၊ ဘိန်းထွက်ကုန် ၈၈ ရာခိုင်နှုန်း မြင့်တက်လာတာကို တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာတွေကြောင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသတွေမှာ လယ်သမားတွေဟာ ဘိန်းစိုက်ဖို့ကလွဲပြီး အခြား ရွေးစရာမရှိသလောက် ဖြစ်လာတယ်လို့ UNODC ရဲ့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်း၊ လာအိုနဲ့ မြန်မာနိုင်ငံတို့ ထိစပ်နေတဲ့ ရွှေတြိဂံဒေသဟာ ရင်ကတည်းက ဘိန်းနဲ့ မှောင်ခိုစျေးကွက် အခြေစိုက်ရာ ဒေသဖြစ်ပြီး လက်ရှိအနေအထားမှာ ကမ္ဘာ့မူးယစ်ဆေး၀ါးစျေးကွက်နဲ့ ပြန်လည် ချိတ်ဆက်လာနိုင်ပြီလို့ ကုလက သုံးသပ်ပါတယ်။

ဒေသတွင်း မူးယစ်ဆေး၀ါးစျေးကွက်တန်ဖိုးဟာ ၁၀ ဘီလီယံလောက်ရှိပြီး မြန်မာစျေးကွက်က ၂ ဘီလီယံ တန်ကြေးရှိပါတယ်။

အဆင့်မြင့် စိုက်ပျိုးရေးနည်းပညာတွေ၊ ဓာတ်မြေသြဇာတွေ ရရှိနေမှုက ဘိန်းစိုက်ပျိုးမှု မြင့်တက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်နေပြီး မြန်မာနိုင်ငံရဲ့ လက်ရှိဘိန်းထုတ်လုပ်မှုဟာ UNODC က စောင့်ကြည့်မှုနောက်ပိုင်း အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာကြောင့် မဲခေါင်မြစ်အောက်ပိုင်းဒေသကို ဗဟိုပြုတဲ့ မူးယစ်ဆေး၀ါးစျေးကွက်အပေါ် သိသိသာသာ သက်ရောက်မှု ရှိလိမ့်မယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

****************************************************************
END / 251