အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၂၈ ဇန်နဝါရီ ၂၀၂၃

၁၈:၄၈:၂၈
1341780

မြင်းခြံတွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးလင်မယား ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ် လကတ (၂၀၃၁)မှ ဗိုလ်ကြီးအဆင့်ရှိသူ ခင်မောင်ထွန်းနဲ့ဇနီးဖြစ်သူတို့ကို ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြင်းခြံအခြေစိုက် “လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့”က သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ် လကတ (၂၀၃၁)မှ  ဗိုလ်ကြီးအဆင့်ရှိသူ ခင်မောင်ထွန်းနဲ့ဇနီးဖြစ်သူတို့ကို ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက မြင်းခြံအခြေစိုက် “လူကြမ်းကြီး အထူးပြောက်ကျားတပ်ဖွဲ့”က သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါဗိုလ်ကြီးလင်မယားဟာ ပျော်ဘွယ်စံပြကျေးရွာက “ရတနာထွန်း “သစ်ဝါး အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ဖြစ်ပြီး စစ်ကောင်စီတပ်တွေထဲ မကြာခဏ အဝင်အထွက် ရှိတဲ့သူတွေဖြစ်လို့ ထိထိရောက်ရောက်အရေးယူတာလို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီဗိုလ်ကြီးပိုင်ဆိုင်တဲ့ ဖုန်းဆိုင်လည်းရှိပေမယ့် ဘာပစ္စည်းမှ သိမ်းယူခဲ့ခြင်းမရှိဘဲ အဲဒီနားက ပျူစောထီးအဖွဲ့ကသာ ဖြစ်စဥ်ပြီးလို့ မကြာခင် ရောက်လာပြီး ဗိုလ်ကြီး ရဲ့ကားတွေ သိမ်းယူသွားတာလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေက ဖော်ပြပါတယ်။

နောက်နောင်တွေမှာလည်း စစ်ကောင်စီနဲ့ပူးပေါင်းပြီး သတင်းပို့သတင်းယူလုပ်တဲ့ သူမှန်သမျှ အချိန်နဲ့ တပြေးညီ အရေးယူရှင်းလင်းသွားမယ်လို့ လူကြမ်းကြီး အထူးပြောက် ကျားတပ်ဖွဲ့က ကြေညာထားပါတယ်။

****************************************************************
END / 251