အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃၁ ဇန်နဝါရီ ၂၀၂၃

၁၇:၀၆:၃၈
1342778

ရန်သူများ၏ ပူးပေါင်းကြံစည်မှု နှင့် ပြဿနာ ဖန်တီး မှု များရှိနေသော်လည်း အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ သည် မိမိ၏ ဦးတည်ရာဆီသို့ ချီတက်နေပါတယ် / အီရန် သမ္မတ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ မှ အေမာမ် ခိုမေနီ (ရ.ဟ) မှ အီရန် ပြည်သူ လူထု မှ အပြည့်အဝ ယုံကြည် ခဲ့ ကြောင်း ယနေ့ လည်းပဲ အစ္စလာမ်မစ် တော်လှန် ရေး မှ အီရန် ပြည်သူများ ၏ ဆန္ဒများ အရ အနာဂတ် သို့ ဦးတည် ချီတက်နေကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 Sahar သတင်း ဌာန၏ သတင်း အထောက်အထားများအရ   အီရန် အစ္စလာမ်မစ်  ပြည်သူ့ သမ္မတ နိုင်ငံ ၏ အရှ်ရေဟ်ဖဂျ်ရ် ( အေမာမ်ခိုမေနီ (ရ.ဟ) ပြင်သစ်မှ အီရန်သို့ ပြန်ရောက်လာသည့်နေ့မှ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲခံသည့်နေ့ အထိ ကာချိန် ၁၀ရက် တာ ကာလ ) နှစ်ပတ်လည် အောက်မေ့ သည့် အချိန်စတင်ချိန် နှင့် အစ္စလာမ်မစ် တော်လှန်ရေး ၏ အောင်ပွဲ ၄၄ နှစ် မြောက် အချိန်အခါ သမယတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ H.I  ဒေါက်တာ ဆရက်ဒ် အီဗရာဟီးမ် ရအီစီ နှင့် အစိုးရ အဖွဲ့ဝင်များ သည် အီရန် အစ္စလာမ်မစ် တော်လှန်ရေး ၏ဖခင်ကြီး အီရန် အစ္စလာမ်မစ် ပြည်သူြ သမ္မတ နိုင်ငံ ကို တည်ထောင်သူ အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဂူ ဗိမာန် သို့ သွား ရောက် ခဲ့ ကြပြီး ဇေယာရသ် ပြု ဖွာသေဟဟ် များ ဖတ်ရွတ်ခဲ့ကြပါတယ်။ ပြီးနောက် အီရန် သမ္မတ မှ မိန့်ခွန်း ပြေားကြားခဲ့ပါတယ်။

မိန့်ခွန်းတွင် ဤအစ္စလာမ်မစ် ‌တော်လှန် ရေး သည် အေမာမ် ခိုမေနီ ၏ ခူလူစ်(အလ္လာဟ်နှစ်မြို့ မှု တစ်ခုတည်းအတွက် ) ၏ ရလာဒ် နှင့် အီရန် ပြည်သူများ ၏ သစ္စာရှိမှု အစ္စလာမ်မစ် တော်လှန်ရေး အပေါ် နှလုံးသားများ မှ တွယ်တာ မှု ၏ ရလာဒ် ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် တော်လှန်ရေး အောင်ပွဲ ၏ ၄၄ နှစ် ကြာခဲ့ပြီးနောက် အီရန် ရန်သူများ၏ ပူးပေါင်းကြံစည်မှုများ နှင့် ပြဿနာ ဖန်တီးမှုများရှိနေသော်လည်း အစ္စလာမ်မစ် တော်လှန်ရေးသည် အားမနည်းသွားသည့် အပြင်  အညနိသင် အကျိုးသက်ရောက်မှုများသည် ကမ္ဘာတစ်ဝှမ်းတွင် ယခင်ကထက် ပိုမိုပျံ့နှံ့လာခဲ့ကြောင်း မိန့်ကြား ပြောဆိုခဲ့ပါတယ်။

အီရန် သမ္မတ မှ ဆက်လက်ပြီး  အေမာမ် ခိုမေနီ (ရ.ဟ)  မှ အီရန် ပြည်သူ လူထု မှ အပြည့်အဝ ယုံကြည် ခဲ့ ကြောင်း ယနေ့ လည်းပဲ အစ္စလာမ်မစ် တော်လှန် ရေး မှ အီရန် ပြည်သူများ ၏ ဆန္ဒများ အရ အနာဂတ် သို့ ဦးတည် ချီတက်နေကြောင်း ပြောကြား ခဲ့ပါတယ်။

အစ္စလာမ်မစ် တော်လှန်ရေး အောင်မြင်မှုအတွက် နယ်ပယ်အသီးသီးမှ သောင်းနှင့်ချီသော ရှဟီးဒ်များ (ခ) အာဇာနည်များ စတေးခဲ့ ကြခြင်း ကို ပြည်သူများ၏  အစ္စလာမ်မစ်တော်လှန်ရေး အား နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးမှု၏ လက္ခဏာတစ်ရပ် ဖြစ်သည့် အတွက် ဖြစ်ကြောင်း  ယနေ့ခေတ် ယဉ်ကျေးမှု ယ်ပယ်တွင် တက်ကြွလှုပ်ရှားနေသူများ၏ တာဝန်မှာ အေမာမ် ခိုမေနီ (ရ.ဟ) အကြောင်း နှင့် ၎င်း၏ သွန်သင်ချက်များ၊ အစ္စလာမ်မစ် တော်လှန်ရေး၏ တန်ဖိုးများကို လူငယ်များနှင့် မျိုးဆက်သစ်တို့အား ၎င်းတို့၏ မိမိတို့ ၏ အနုပညာစွမ်းရည်ကို အသုံးပြု၍ တင်ပြရန် တာဝန်ရှိ ကြောင်း ထိုမှသာ အနာဂတ် အစ္စလာမ်မစ် တော်လှန်ရေး နှင့် တိုင်းပြည်  နှင့်  ပြည်သူများ ၏ တိုးတက် မှု အတွက် အာမခံ ဖြစ် မည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အီရန် သမ္မတ မှ ဆက်လက်ပြီး  အစ္စလာမ်မစ် တော်လှန်ရေးကို တည်ငြိမ်စေရန်နှင့် အီရန် နှင့် အစ္စလာမ် ရန်သူများကို ဖြိုခွင်းရန်အတွက် မိမိတို့ အစိုးရသည် ရဲဟ်ဗရ် အင်န်ကေလာဗ်  အစ္စလာမ်မီ ၏ စနစ်၏ ဗျူဟာ ညွှန်ကြားချက်များကို လိုက်နာပြီး ပြည်သူကို အလုပ်အကျွေးပြုနေပါကြောင်း ပြောကြားခဲ့ပါတယ်။

 

 အီရန် အစ္စလာမ်မစ် တော်လှန်ရေးကို တည်ထောင်သူ အေမာမ် ခိုမေနီ (ရ.ဟ) သည် ၁၉၈၉  ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် မိမိ အမိနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါတယ် ။ ထို အချိန် ပြန် လာချိန်မှစ၍ အစ္စလာမ်မစ် တော်လှန် အောင်မြင်သည့်နေ့ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၁  ရက်နေ့အထိ၊ ကို  အီရန်  အီရန် နိုင်ငံ တွင် အရှ်ရေဟ်ဖဂျ်ရ်    နှင့် အစ္စလာမ် မစ်တော်လှန်ရေး အောင်ပွဲနေ့ အဖြစ်  အလေးအမြတ် ထား ပြီး အခမ်း အနားများ ကျင်းပခြင်း  အဝေးပြေး လမ်းများ နှင့် လမ်းများ တွင် နိုင်ငံတော် အလံများကို လွှင့် ထူတန်ဆာဆင်ခြင်း ချီတက်ပွဲ ကျင်းပခြင်းကို ပြုလုပ်ကြပါတယ်။

****************************************************************

END / 251