၂၃ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၄
ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့အခါသမယကို ဂုဏ်ပြုသဝဏ်လွှာများ ပို့

အီရန်သမ္မတသည် ဆော်ဒီအာရေဗျနိုင်ငံ၏ ဘုရင်နှင့် အိမ်ရှေ့မင်းသားထံ သီးခြားသဝဏ်လွှာများ ပေးပို့ကာ ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့အခါသမယကို ဂုဏ်ပြုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဆော်ဒီအာရေဗျဘုရင် စလ်မန် ဘင် အဗ်ဒိုလ် အဇီးဇ်  အာလေ့ စအူးဒ် ထံ ပေးပို့သည့် သဝဏ်လွှာတွင် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့အခါသမယအတွက် ဂုဏ်ပြုဆုမွန်ကောင်း တောင်းပေးခဲ့ပြီး အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ယဉ်ကျေးမှု၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ တူညီမှုများစွာရှိခြင်းသည် မွတ်စလင်ပြည်သူနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအတွက် ခိုင်မာသော အထောက်အပံ့ဖြစ်ပြီး ဘုံဆက်နွယ်မှုများကို ပိုမိုခိုင်မာစေမည် ဟု ဖော်ပြခဲ့ပါတယ်။

အီရန်သမ္မတက နှစ်ဖက်အကြား ပူးပေါင်းကြိုးပမ်းမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍပေါင်းစုံတွင် အစဉ်တစိုက် ပိုမိုတိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြခဲ့ပါတယ်။

ထို့အပြင် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ဆော်ဒီအာရေဗျနိုင်ငံ၏ အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ် မိုဟမ္မဒ် ဘင် စလ်မန် ဘင်န် အဗ်ဒိုလ်အဇီးဇ် အာလေ့ စအူးဒ် ထံသို့လည်း သီးခြားသဝဏ်လွှာ ပေးပို့ကာ ဆော်ဒီအာရေဗျနိုင်ငံ၏ အမျိုးသားနေ့အခါသမယကို ဂုဏ်ပြုခဲ့ပါတယ်။

အဆိုပါသဝဏ်လွှာတွင် ပူးပေါင်းကြိုးပမ်းမှုများ နှင့် လက်ရှိရရှိနိုင်သည့် အလားအလာများကို အမြင့်ဆုံးအတိုင်းအတာအထိ အသုံးချခြင်းဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ညီရင်းအစ်ကိုသဘောထားဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့နိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း က ဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha