အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၃၁ ဇန်နဝါရီ ၂၀၂၃

၁၇:၁၇:၃၄
1342782

မော်စကိုရောက် အမေရိကန်သံအမတ်သစ်ကို ရုရှားလူအုပ်က ဝိုင်းဝန်းဆန္ဒပြ

ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် လင်းထရေစီဟာ သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို တင်ပြဖို့ ရုရှားမြို့တော်မော်စကိုရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ဇန်နဝါရီ ၃၀ ရက်က ရောက်လာပါတယ်


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 


ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် လင်းထရေစီဟာ သူ့ရဲ့ သံတမန် ခန့်အပ်လွှာကို တင်ပြဖို့ ရုရှားမြို့တော်မော်စကိုရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ဇန်နဝါရီ ၃၀ ရက်က ရောက်လာပါတယ်။

သံအမတ်ထရေစီ ဝန်ကြီးဌာနထဲကို ဝင်လာတာနဲ့ လူအုပ်က အမေရိကန်ဆန့်ကျင်ရေး ဆောင်ပုဒ်တွေကို ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးတွေက  သမိုင်းတလျှောက်လုံးနီးပါးမှာ အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။

ရုရှားက အထူးစစ်ဆင်ရေးလို့ ခေါ်ထားတဲ့ ယူကရိန်းစစ်ပွဲမှာ ယူကရိန်းအစိုးရကို တိုက်ခိုက်ရေးတင့်ကားတွေ အပါအဝင် လက်နက်တွေ အမေရိကန်က ပေးပို့မယ်လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အနောက်မဟာမိတ်တွေနဲ့အတူ အားလုံး တပြိုင်တည်း ရုရှားအပေါ် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ခဲ့တာပါ။

အမေရိကန် ကမ်းတက်စစ်သည်ဟောင်း ဝါရင့်စစ်ပြန် ထရေဗာ ရိဒ်နဲ့ ဘတ်စ်ကတ်ဘော ငွေကြယ်ပွင့် ဘရစ်တနေ ဂရင်နာတို့ အပါအဝင် အကျဉ်းသားလဲလှယ်ရေးနဲ့ ရှားရှားပါးပါး ၂ နိုင်ငံကြား အဆင့်မြင့်ဆက်ဆံရေးအတွက် မကြာခဏဆိုသလို သံတမန်ရေး ညှိုနှိုင်းပြေလည်မှုတွေတော့ ရှိနေခဲ့ပါတယ်။

ရုရှားပြည်တွင်းရေးကို မစွက်ဖက်ရေး စည်းမျဉ်းကို လိုက်နာဖို့ မျှော်လင့်တယ်လို့ ရုရှား နိုင်ငံခြားရေး ဒုဝန်ကြီး ဆာဂီရီယတ်ဘ်ကို့ဗ်က ထရေစီကို ပြောခဲ့တဲ့အကြောင်း ရုရှားအစိုးရပိုင် RIA သတင်းဌာနက ထုတ်ပြန်ပါတယ်။

သံအမတ်ကြီး ထရေစီဟာ မကြုံစဘူး တင်းမာနေချိန် ၂ နိုင်ငံအစိုးရတွေကြား ဆွေးနွေးပွဲတွေ ဆက်ထိန်းထားဖို့၊ ရုရှားမှာ ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ အမေရိကန်နဲ့ ရုရှားပြည်သူတွေကြား ဆက်ဆံရေးကို ထောက်ပံ့ပေးဖို့ အာရုံစိုက်ထားတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

****************************************************************
END / 251