အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၄ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၀၆:၄၃
1343598

အားလုံးပါ၀င်မည့် နိုင်ငံတော်အဆင့်ဆွေးနွေးပွဲ ပေါ်ပေါက်ရန် အာဆီယံက လုပ်ဆောင်မည်

မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရာမှာ ပြည်တွင်းက အဖွဲ့စုံပါ၀င်တဲ့ ဆွေးနွေးညှိနှိုင်းရေးက အရေးပါတယ်ဆိုတာ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေ သဘောတူခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံကပြဿနာကို ဖြေရှင်းရာမှာ ပြည်တွင်းက အဖွဲ့စုံပါ၀င်တဲ့ ဆွေးနွေးညှိနှိုင်းရေးက အရေးပါတယ်ဆိုတာ အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေ သဘောတူခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ပြောကြားလိုက်ပါတယ်။  

အာဆီယံ နိုင်ငံခြားရေး၀န်ကြီးတွေဟာ ဒီကနေ့ ဂျကာတာမှာ ၃၂ ကြိမ်မြောက် ညှိနှိုင်းအစည်းအ၀ေး ပြုလုပ်ခဲ့ကြတာပါ။

မာဆူဒီက အစည်းအ၀ေးအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ကာ အားလုံးပါ၀င်နိုင်မယ့် ဆွေးနွေးပွဲတစ်ခု မြန်မာနိုင်ငံမှာ ပေါ်လာရေး ဆောင်ရွက်ဖို့ ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“အားလုံးပါ၀င်တဲ့ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံက ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် သော့ချက်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖက်မှုလျှော့ချတာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လျင်လျင်မြန်မြန် အဟန့်အတားမရှိပေးနိုင်အောင် ကြိုးပမ်းတာတွေကနေလည်း ဒီလိုဆွေးနွေးပွဲဖြစ်လာနိုင်မယ့် ၀န်းကျင်မျိုး ဖန်တီးပေးရပါမယ်”

အခုနှစ်အာဆီယံအလှည့်ကျဥက္ကဌအဖြစ် အင်ဒိုနီးရှားနိုင်ငံက ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန်မာပြဿနာ ဖြေရှင်းရေးမှာ အာဆီယံအဖွဲ့ဟာ ဘုံသဘောတူညီချက် ၅ ချက်ကို စွဲကိုင်ထားတာ ဖြစ်ပါတယ်။

မာဆူဒီက အင်ဒိုနီးရှားဟာ မြန်မာပြဿနာဖြေရှင်းရေး နည်းလမ်း ၃ ခုနဲ့ ချဥ်းကပ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“အားလုံးပါ၀င်မယ့် နိုင်ငံတော်အဆင့် ဆွေးနွေးပွဲ ဖြစ်လာဖို့ သက်ဆိုင်သူတွေအားလုံး စေ့စပ်ဆွေးနွေးရမှာက ပထမအဆင့် ဖြစ်ပါတယ်။ ကနဦး စေ့စပ်ဆွေးနွေးရမယ့် ကိစ္စကို သက်ဆိုသူတွေအားလုံးထံ မျှ၀ေထားပြီ ဖြစ်ပါတယ်”

ဒုတိယအဆင့်က နိုင်ငံတော်အဆင့် ဆွေးနွေးမှုလုပ်ဆောင်ရေး လမ်းဖွင့်ပေးဖို့ဖြစ်ပြီး၊ တတိယအဆင့်က အာဆီယံအိမ်နီးချင်းနိုင်ငံတွေ၊ ကုလ၊ နိုင်ငံတာအသိုင်းတို့နဲ့ ပူးပေါင်းကာ ပြဿနာဖြေရှင်းရေး ဖြစ်တယ်လို့လည်း မာဆူဒီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

****************************************************************
END / 251