အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၆ ဖေဖော်ဝါရီ ၂၀၂၃

၁၄:၄၉:၂၂
1344069

ပြင်းထန် သည့် ငလျင်ကြောင့် တူရကီတွင် ၉၁၂ ဦး နှင့် ဆီးရီးယား တွင် ၃၈၆ ဦး သေဆုံး

ပြင်းထန် သည့် ငလျင်ကြောင့် တူရကီတွင် ၉၁၂ ဦး သေဆုံးသွားသည့် အတွက် တူရကီသမ္မတ ရဂျက်ဗ် သွာရစ်ဗ် အိုရ်ဒူဂန် မှ နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေ ကြေညာလိုက် ကြောင်း သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 Sahar News အရ မနေ့ညက တူရကီ နဲ့ ဆီးရီးယား အပါအဝင် ၎င်းတို့၏ ဒေသတစ်ခုလုံးမှာ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၂၉၈ ဦးအထိ ရှိခဲ့ပြီး အများအပြားကတော့ ပြိုကျပျက်စီးနေသည့် အဆောက်အဦးများ အောက် တွင် ပိနေဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။

တူရကီသမ္မတ ရဂျက်ဗ် သွာရစ်ဗ် အိုရ်ဒူဂန် မှ  ပြင်းထန် သည့် ငလျင်ကြောင့် တူရကီတွင် ၉၁၂ ဦး သေဆုံးသွား ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးနောက် တူရကီသမ္မတ ရဂျက်ဗ် သွာရစ်ဗ် အိုရ်ဒူဂန် မှ  နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေ ကြေညာလိုက် ကြောင်း သိရှိရပါတယ်။

တူရကီ နိုင်ငံ၏ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ ၅၃၈၃ ဦးအထိ ရှိလာခဲ့ပြီး အိမ်ခြေ ၁၇၁၀ လုံး ပျက်စီးသွားကြောင်း သိရှိရပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက်၊ ဂါဇီးနက်ဗ်သ်  နှင့်ဟာသွေ လေဆိပ်များရှိ လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်း ထား ကြောင်းသိရှိရပါတယ်။

ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူ ၃၈၆ ဦးရှိပြီး ဒဏ်ရာရသူဦးရေမှာ ၆၀၀ ကျော်သွားပြီဟု သတင်းရင်းမြစ်များက ဆိုထားပါတယ်။ အခြေ အနေကို ကြည့်ရင် အသေအပျောက် နှုန်းက ထပ်ပြီး တိုးလာနိုင်ကြောင်း သိရှိရပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် အချို့နေရာများတွင် အအေးဓာတ်လွန်ကဲမှုကြောင့် အခြေအနေကို ပိုမိုပြီး ခက်ခဲ စေကြောင်း ငလျင်ဒဏ်ခံပြည်သူများသည် အမိုးမဲ့ ကောင်းကင် အောက်တွင် နာရီပေါင်းများစွာ ဒုက္ခများ နှင့်ရင်ဆိုင် နေရကြောင်း ဝမ်းနည်းစွာ ဖြင့် သိရှိရပါတယ်။

****************************************************************

END / 251