အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၆ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၁၈:၃၇
1344072

မင်္ဂလာဒုံနှင့် မြောက်ဒဂုံတို့တွင် မီးလောင်ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြံခင်းစုရပ်ကွက်နဲ့ မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက်တို့မှာ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေက မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်တလုံး၊ ဆိုင်ခန်း ၅ ခန်းနဲ့ ကျပ်ငွေ သိန်း ၂၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ကြံခင်းစုရပ်ကွက်နဲ့ မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက်တို့မှာ ဖေဖော်ဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေက မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်တလုံး၊ ဆိုင်ခန်း ၅ ခန်းနဲ့ ကျပ်ငွေ သိန်း ၂၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မြတောင်ညို ၂ လမ်းက အိမ်တအိမ်မှာ ဖေဖော်ဝါရီ ၅ ရက် ည ၇ နာရီခွဲလောက်က လျှပ်စစ်မီးပျက်နေလို့ ဘုရားစင် ဖယောင်းတိုင်မီး ထွန်းညှိရာက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နှစ်ထပ်တိုက်အိမ်က အပေါ်တထပ်လုံး မီးလောင်ခဲ့တာပါ။

ရပ်ကွက်နေသူတဦးက “လောင်တဲ့အိမ်က ဘုရားစင်ကလို့ သိရတယ်။ ရာအိမ်မှူး‌အိမ်ပါ။ မီးက ည ၉ နာရီမှ လာမှာ၊ အဲ့ဒါ ဘုရားမီးပူဇော်ရင်း ဖြစ်သွားတာလို့ ပြောတယ်။ မီးသတ်ကားတွေမလာခင် လမ်းထဲက လူညီလို့ ထိန်းနိုင်သွားတာ။ မီးမလာသေးလို့ ရေမတင်ရသေးတာနဲ့ မြောင်းရေတွေနဲ့ ပက်ခဲ့ရတယ်။ မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံက မီးသတ်ကားတွေ ရောက်လာမှ မီးငြိမ်းသွားတာပါ။ ၁၅ မိနစ်လောက်အတွင်း အိမ်အပေါ်ထပ်ကုန်သွားတယ်” လို့ ပြောပါတယ်။

အလားတူ မြောက်ဒဂုံမြို့နယ်၊ ၃၀ ရပ်ကွက်ရှိ သခင်ဘစိန်လမ်းက ၅ ခန်းတွဲဆိုင်ခန်းမှာ ဒီနေ့မနက် ၁ နာရီဝန်းကျင်က အဆိုပါဆိုင်ခန်းတွဲရဲ့ အလှမွေးငါးဆိုင်ရဲ့ အောက်စီဂျင်စက်ကနေ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့လို့  အလှမွေးငါးဆိုင်၊ ‌ကုန်စုံဆိုင် အပါအဝင် တခြားဆိုင်ခန်း ၃ ခုစလုံး မီးလောင်ကျွမ်းကာဆိုင်နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ အထက် ရှိတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

အဆိုပါရပ်ကွက်နေသူတဦးက “စလောင်တာက ငါးကန်အောက်စီဂျင်စက်ကနေလို့ သိရတယ်။ ဘေးမှာ စတိုးဆိုင်၊ အီလက်ထရောနစ်ဆိုင်လည်း ရှိတယ်၊ အကုန်လောင်သွားတာပါ။ ဒါတောင် မီးသတ်နဲ့က နီးလို့ အချိန်မီရောက်လာပြီး မီးငြှိမ်းကြတာ။ အချိန်ကလည်း အစောကြီးဆိုတော့ မီးသတ်ပဲ လာငြှိမ်းတာပါ။ ဘေးမှာက ခြံအလွတ်ရှိလို့ မီးတားလိုက်သလို ဖြစ်သွားလို့ ဆက်မကူးတော့တာ။ ဟိုဘက်ခြမ်းမှာ ဘားနဲ့ စားသောက်ဆိုင်တွေလည်း ရှိတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းမှာ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်ကနေ ၆ ရက် ညနေ ၃ နာရီအထိ မီးလောင်ကျွမ်းမှု ၈ ကြိမ်ထက်မနည်းရှိပြီး မီး‌ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်တွေကို မြန်မာနိုင်ငံမီးသတ်ဌာချုပ်ကနေ ကြေညာထားတာ မတွေ့ရသေးပါဘူး။

****************************************************************
END / 251