အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၆ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၂၂:၂၇
1344073

တူရကီ နှင့် ဆီးရီးယား သမ္မတများ ထံ အီရန်သမ္မတမှ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

သတင်းအထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ကြီး မှ တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် နှစ်နိုင်ငံစလုံး၏ သမ္မတများ ထံ လူကြီးမင်းများ နှင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် မိမိ နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ကြီး H.I  ‌ဒေါက်တာ ဆရက်ဒ် အီဗဗရာဟီးမ် ရအီစီ တူရကီနှင့် ဆီးရီးယားသမ္မတများထံ သီးခြားသဝဏ် လွှာ တိုများ ပေးပို့ပြီး နှစ်နိုင်ငံစလုံးတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ ငလျင်လှုပ်ခတ်မှုအပေါ် အလွန် ဝမ်းနည်းကြောင်း  ရေးသား ပို့ပေးထားကြောင်း သိရှိရပါတယ်။

ဆက်လက်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံသည် လက်ရှိအခက်ခဲများ နှင့် ရင်ဆိုင်နေရသည့် မိမိ တို့၏ ရင်းနှီး ချစ်ခင်ရသည့် နှစ်နိုင်ငံ လုံး အပေါ် လိုအပ်သည့်အကူအညီများ  ချက်ခြင်းအကူအညီပေးရန် အသင့်ရှိကြောင်း ရေးသား ထားကြောင်း သိရှိရပါတယ်။

ပြင်းထန် သည့် ငလျင်ကြောင့် တူရကီတွင် ၉၁၂ ဦး နှင့် ဆီးရီးယား တွင် ၃၈၆ ဦး သေဆုံးခဲ့ ကြောင်း ထောင်နှင့်ချီ ၍ဒဏ်ရာ ရခဲ့ကြောင်း သိထားရမည် ဖြစ်ပါတယ်။

****************************************************************

END / 251